မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 29 January 2016

အုန်းနို့ထန်းလျက် ကျောက်ကျော
















အုန်းနို့ထန်းလျက် ကျောက်ကျော


ကျောက်ကျောကိုပုံမှန်လုပ်နေကျပုံစံနဲ့မတူဘဲသကြားအစားထန်းလျက်ကိုသုံးပြီးပြုလုပ်ထားပါတယ်။အနံ့အ၇သာထူးထူးခြားခြားလေးရှိစေမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
ကျောက်ကျောမှုန့် -၁၅ ဂရမ်
ထန်းလျက် - ၃၅၀ ဂ၇မ်
အုန်းနို့ - ၂၀၀ ml
ေ၇ - ၁၃၀၀ml
သာကူ - ၁၀၀ ဂ၇မ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ေ၇ဆူတည်ပြီးသာကူစေ့ကိုအဆံဖြူပျောက်ခါနီးထိပြုတ်ပြီးမီးပိတ်ကာဆယ်မိနစ်ခန့်အဖုံးအုပ်ထားပါ။ပြီးလျှင်ဇကာဖြင့်စစ်ချပြီးေ၇အေးလောင်းထားပါ။ေ၇စိမ်ထားပါ။(မခဲစေ၇န်)
(၂)ထန်းလျက်ကိုေ၇(၁၃၀၀ml)ထည့်ပြီးကျိုပါ။အမှိုက်များစစ်ထုတ်ထားပါ။
(၃)ကျောက်ကျောမှုန့်ကိုသုံးပုံပုံထားပါ။
(၄)ထန်းလျက်၇ည်ကိုတခွက်တွင်၈၀၀ml၊ တခွက်တွင်၅၀၀ml နှစ်ခွက်ခွဲ ထားပါ။
(၅)အိုးတခုတွင်ထန်းလျက်၇ည်၈၀၀ml၊အုန်းနို့၂၀၀ml၊ကျောက်ကျောမှုန့်၂ပုံ ၁၀ဂရမ်ထည့်ပြီးဆူပွက် အောင်ကျိုပေးပါ။
(၆)ဆူပွက်ပါကတဝက်ခွဲပြီးသာကူတဝက်ကိုေ၇စစ်ပြီးေ၇ာထည့်ကာသမအောင်မွေပြီးအအေးခံမည့်ဘမ်းတွင်လောင်းထည့်ပါ။
(၇)အအေးခံထားစဉ်အလယ်အထပ်အတွက်ခွဲထားသောထန်းလျက်၇ည်၅၀၀mlတွင်ကျောက်ကျောမှုန့် တစ်ပုံ၅ဂရမ်ကိုထည့်ပြီး ကျိုပေးပါ။ဆူပွက်ပါကမီးပိတ်ပြီးခေတ္တအအေးခံထားပါ။
(၈)အောက်ခံအုန်းနို့သာကူအလွှာမျက်နှာပြင်အနည်းငယ်တင်းလာပါကအသင့်ကျိုထားသောထန်းလျက်ကျောက်ကျောကိုဇွန်းခံပြီးသာသာလေးလောင်းထည့်ပေးပြီးအအေးခံထားပါ။
(၉)ထန်းလျက်ကျောက်ကျောအအေးခံထားစဉ်အပေါ်ဆုံးအလွှာအတွက်ချန်ထားသောအုန်းနို့သာကူကိုအနည်းငယ်ပြန်အပူပေးကာလက်ကျန်သာကူတဝက်ေ၇စစ်ပြီးေ၇ာထည့်ထား၍သမအောင်မွေပေးပါ။
(၁၀)ထန်းလျက်ကျောက်ကျောအလွှာအတော်တင့်ခဲသွားမှသာလျှင်အပေါ်ဆုံးအုန်းနို့သာကူကိုဇွန်းခံပြီးလောင်းထည့်ကာ အအေးခံ ထားပါ။
(၁၁)လုံးဝအေးခဲသွားမှသာလျှင်လိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise   

ကောက်ညင်းကန်ဇွန်းဥဆနွင်းမကင်း























ကောက်ညင်းကန်ဇွန်းဥဆနွင်းမကင်း

ကောက်ညင်းဆနွင်းမကင်းစိန်ဖေကြီးလုပ်နည်းကတင်ထားပြီးသားပါ။ကန်ဇွန်းဥအရောင်လေးလှလို့အောက်ခံအဖြစ်ထည့်ထားတာပါ။

ရိုးရိုးလေးနဲ့အရောင်လေးစပ်ပြီးလုပ်ထားတာမို့တမျိုးဆွဲဆောင်မှုရှိပါတယ်။လုပ်နည်းလေးကြည့်၇အောင်နော် ။
ကောက်ညင်းအလွှာအတွက် ပါဝင်သောပစ္စည်း
*************************
ကောက်ညင်း - ဆန်ချိန်ခွက်၃ခွက်
သကြား - ၁၅၀ ဂရမ်
အုန်းနို့ခ၇င်မ် - ၂၀၀ml
ဆား - လ္ဘက်ဇွန်းတဝက်
ဆီ - ၃ဇွန်း စားပွဲတင်
အောက်ခံကန်ဇွန်းဥအလွှာအတွက်ပါဝင်သောပစ္စည်း
*****************************
ကန်စွန်းဥ - ၅၀၀ ဂ၇မ်
သကြား - ၁၀၀ ဂ၇မ်
ထောပတ် - နှစ်ဇွန်း စားပွဲတင်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ကန်ဇွန်းဥကိုပြုတ်ပြီးအခွံသင်ကာကြေအောင်ချေပြီးသကြားနှင့်ထောပတ်ထည့်ကာသကြားပျော်အောင်မွေပေးပါ။
(၂)ပြီးလျှင်ပြုလုပ်မည့်ဘမ်းတွင်အောက်ခံငှက်ပျောဖတ်ကိုခင်းပြီးချေပြီးသားကန်ဇွန်းဥကိုထည့်ပြီးဖိ၍မျက်နှာပြင်ညီအောင်ပြုလုပ်ပြီးေ၇ခဲသေတ္တာတွင်မာအောင်ထည့်ထားပါ။
(၃)ရေတညသို့လေးနာရီခန့်စိမ်ထားသောကောက်ညင်းကိုထမင်းပေါင်းအိုးတွင်ပါ။ရေနှင့်အုန်းနို့ရောပြီးဆန်နှင့်ရေမျက်နှာပြင်ညီထည့်ပါ။ဆားသကြားနှင့်ဆီထည့်ပြီးမွေပေးကျက်ပြီသားကောက်ညင်းကိုအထက်အောက်သေချာမွေပေးပါ။ ရေခမ်းပြီးခလုတ်ပြုတ်ပါက၁၅မိနစ်ခန့်အဖုံးမဖွင့်ဘဲထားပါ။
(၅)ကျက်ပြီသားကောက်ညင်းကိုအထက်အောက်သေချာမွေပေးပါ
(၆)အအေးခံထားသောကန်ဇွန်းဥမာခဲသွားပါကအပေါ်မှချက်ပြီးသားကောက်ညင်းကိုထည့်ပြီးဖိပေးပါ။မျက်နှာပြင်ချောမွေ့ပါကအအေးခံ ကာလိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ။
**အပေါ်ယံမျက်နှာပြင်အေ၇ာင်၇အောင်ပြုလုပ်လိုပါကအုန်းနို့အနည်းငယ်လူးပြီးအပေါ်မီးသက်သက်ဖြင့်အရောင်ရအောင်ကင်ပေးနိုင်ပါတယ်။

Sofia Food Paradise