မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, 25 January 2016

ကြက်ဥဖတ်ထုပ် & Egg Wonton





















ကြက်ဥဖတ်ထုပ် & Egg Wonton

ဖတ်ထုပ်ဖက်မပါဘဲကြက်ဥနဲ့ဖတ်ထုပ်ပြုတ်ဖတ်ထုပ်ကြော်လေးလုပ်စားရအောင်နော်။ပြုလုပ်ရတာနည်းနည်းအနုစိတ်ပေမဲ့လုပ်ထွက်လာတော့ပျော်စရာကောင်းပါတယ် ။
လိုအပ်သောပစ္စည်း
**********
ကြက်ဥ - သုံးလုံး
ဆား - အနည်းငယ်
ကြက်ဥကိုဆားအနည်းငယ်ထည့်ပြီးကြေအောင်ခေါက်ထားပါ
အစာသွပ်ရန်လိုအပ်သောပစ္စည်း
*****************
နှစ်သက်ရာအသားစဉ်းထားတာ - တစ်ပန်းကန်
ပဲငံပြာရည် - တဇွန်း
ခရုဆီ - တစ်ဇွန်း
ှနှမ်းဆီမွေး - အနည်းငယ်
ငရုပ်ကောင်း- အနည်းငယ် 
ပါဝင်ပစ္စည်းအားလုံးကိုထည့်ပြီးဆီအနည်းငယ်ဖြင့်ကြော်ပေးပါ။ အစိမ်းထည့်လိုကထည့်နိုင်သည်။ကြက်ဥဖတ်ထုပ်ကိုသေခြာပြန်ပြုတ်ရပါမယ်။
ကြက်ဥဖတ်ထုပ်လုပ်နည်း
**************
(၁)အိုးမကပ်သောဒယ်တခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာနှံ့အောင်လူးပေးပါ။ကြက်ဥထည့်လိုက်သည်နှင့်ကျက်နိုင်သည့်အနေအထားပူရပါမယ်။အိုးမပူပါကကြက်ဥအရည်ထည့်စဉ်အဝိုင်းအနေထားရရန်ခက်ပါတယ်။
(၂)ခေါက်ထားသောကြက်ဥကိုပုလင်းဖုံးတဖုံးစာခန့်ခပ်ပြီးအိုးထည်းသို့သာသာလေးအဝိုင်းပုံစံရအောင်ထည့်ပါ။
(၃)မီးကိုအတိုးလျော့လုပ်ပေးရပါမယ်။ (၄)ကြက်ဥအပေါ်မျက်နှာပြင်မခြောက်ခင် ကြက်သားကြော်ကိုဇွန်းသေးသေးဖြင့်ခပ်ထည့်ပြီးကြက်ဥအပြားလေးလခြမ်းပုံဖြစ်အောင်ကိုခေါက်ပေးပါ။ ကြက်ဥအတွင်းသားများကပ်သွားပါလိမ့်မယ်။ (၅)ကပ်သွားပါကကြက်ဥဖတ်ထုပ်အနားလေးကိုသာသာဖိပေးပြီး ဟိုဘက်ဒီဘက်လှန်ကြော်ပါ။ ကြက်ဥအကျက်လွန်လျှင်မကပ်ပါ။ မကပ်ပါက ကြက်ဥအရည်လေးဖြင့်တို့ပြီးကပ်ပေးနိုင်ပါတယ်။ (၆)ကြော်ပြီသားဖတ်ထုပ်လေးများကိုပန်းကန်တချပ်တွင်ထည့်ထားပါ။ဖက်ထုပ်ကြော်အဖြစ်တည်ခင်းရန်နှစ်သက်ရာဆော့စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
ကြက်ဥသုံးလုံးကိုဖတ်ထုပ်အခုနှစ်ဆယ်ပြုလုပ်နိုင်ပါတယ်။
ဖက်ထုပ်ပြုတ်ပြုလုပ်နည်း
******************
ဟင်းချိုကိုမိမိနှစ်သက်ရာပုံစံချက်နိုင်ပါတယ်။ဟင်းချိုအတွက်ကြက်ပြုတ်ရည်တည်ထားပါ။ဆူပွက်ပါက ပဲကြာဇံနဲ့ပဲရွက်ထည့်ပြီးကြက်ဥဖတ်ထုပ်လေးထည့်ပါ။ အရသာ ငံပြာရည် ခရုဆီ၊ ဆီမွေး၊ ကြက်သွန်ဖြူဆီ ချက်၊ ငရုပ်ကောင်းထည့်ပြီးဆူပွက်ပါကတည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise   

မြေအိုးကြက်ဆီထမင်း & Claypot Chicken Rice



















မြေအိုးကြက်ဆီထမင်း & Claypot Chicken Rice


စင်္ကာပူမလေးရှားမှာနာမည်ကြီးလူကြိုက်များတဲ့မြေအိုးကြက်ဆီထမင်းဖြစ်ပါတယ်။သူရဲ့ထူးခြားမှုကထမင်းကိုမြေအိုးနဲ့ချက်ပြီးအရသာနှပ်ထားတဲ့ကြက်သားတို့အားလုံးကိုရောချက်ထားတဲ့သင်းပျံမွေးကြိုင်တဲ့မြေအိုးထမင်းလေးဘဲဖြစ်ပါတယ်။ညစာအဖြစ်အစားများကြတဲ့အတွက်ဆိုင်တွေမှာတော့မြေအိုးပေါင်းများစွာနဲ့အသင့်ချက်ထားပြီးလက်မလည်အောင်ရောင်းကြရပါတယ်။မြေအိုးနဲ့မချက်ဘဲထမင်းပေါင်းအိုးနဲ့လည်းအရသာတူချက်နိုင်သလိုလူကြိုက်များပြီးအရသာထူးခြားချက်ရလွယ်ကူတဲ့မြေအိုးထမင်းချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဆန် - ၃ခွက် ဆန်ချိန်ခွက်
ကြက်ပြုတ်ရည် - ၄ခွက်ခွဲ ဆန်ချိန်ခွက်
ကြက်သား - ၃၀၀ဂရမ်
ဂျင်း - လ္ဘက်ဇွန်းတဝက်
ပဲငံပြာရည် အကြည် - တစ်ဇွန်း စားပွဲဇွန်း
ပဲငံပြာရည်အမဲ - တစ်ဇွန်း
နှမ်းဆီမွေး -တစ်ဇွန်း
ပြောင်းဖူးမှုန့် /ကော်မှုန့် -တစ်ဇွန်း
ခရုဆီ -တစ်ဇွန်း
ဆား - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ဆီ - ၃ဇွန်း
ကြက်သွန်နီကြော် - ဖြူးရန်
ကြက်သွန်မိတ်/နံနံပင်
ငရုတ်သီး -တွဲဖက်စားရန်
❀❀❀ ပုဇွန်ခြောက်သို့မဟုတ်ငါးခြောက်မှိုခြောက်ထည့်လိုပါကဆီဖြင့်သီးသန့်ကြော်ထားပြီးထည့်နိုင်ပါတယ်။
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြက်သားကိုအတုံးသေးသေးတုံးပြီးပန်းကန်တခုတွင်ဆားငရုပ်ကောင်းဂျင်းပဲငံပြာရည်အကြည်အမဲခရုဆီနှမ်းဆီမွေးကော်မှုန့်တို့ကိုထည့်ပြီး၁၅မိနစ်ခန့်နှပ်ထားပါ။
(၂)ဆန်ကိုရေဆေးပြီး၁၅မိနစ်ခန့်ရေစိမ်ထားပါ။
(၃)မြေအိုးသို့မဟုတ်ပေါင်းအိုးတွင်ကြက်ပြုတ်ရည်ထည့်ပါ။ဆန်ကိုရေစစ်ပြီးထည့်ပြီးတည်ပါ။
(၄)မြေအိုးဖြင့်ချက်ပါကဆူပွက်ပါကမီးလျော့ထားပါ။ရေခန်းခါနည်းတွင်နှပ်ထားသောကြက်သားများကိုအပေါ်မှဖြန့်တင်ပါ။ဆီဆမ်းပါ။(မှိုခြောက်ပုဇွန်ခြောက်ကြက်အူချောင်းထည့်လိုပါကဆီသပ်ထားပြီးအပေါ်မှတင်ပေးပါ။)
(၅)ပြီးလျှင်အဖုံးလုံအောင်အုပ်ပြီးမီးအေးအေးဖြင့်ထမင်းနှပ်ပြီးကြက်သားကျက်အောင်၁၅မိနစ်ခန့်ထားပါ။အဖုံးမဖွင့်ပါနှင့်။
(၆)ထမင်းနှပ်ပါကကြက်သားအခြားအစာများနှင့်ထမင်းကိုသမအောင်မွေပေးပြီးပူပူနွေးနွေးမွေးကြိုင်နေသည့်မြေအိုးထမင်းကိုကြက်သွန်နီကြော်နံနံပင်ကြက်သွန်မိတ်ငရုပ်သီးတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

Sofia Food Paradise