Thursday, 21 January 2016
အသားပေါင်း heart emoticon Snow Ball
အသားပေါင်း heart emoticon Snow Ball
ခရစ်စမတ်အတွက်အသားပေါင်းကိုSnow ballပုံစံပြုလုပ်ပြင် ဆင်ထားခြင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်သား - ၁၅၀ ဂရမ်
ပုဇွန် - ဆယ်ကောင်
ရှီတာခီမှို - တပွင့်
မုန်လာဥနီ - အနည်းငယ်
ဆား - ဇွန်းတဝက် လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကြက်ဥ - တလုံး
နှမ်းဆီမွေး - အနည်းငယ်
ငရုပ်ကောင်းမှုန့် - အနည်းငယ်
ကော်မှုန့် - တစ်ဇွန်း
ကျောက်ပွင့် - လက်တဆုပ်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကြက်သားနှင့်ပုဇွန်ကိုနုတ်နုတ်စင်းပါ။
(၂)မုန်လာဥနှင့်မှိုကိုလည်းစင်းထားပါ။ကျောက်ပွင့်ကိုရေစိမ်ထားပါ။
(၃)ပန်းကန်တခုတွင်ပါဝင်ပစ္စည်းများအားလုံးကျောက်ပွင့်နှင့်ကြက်ဥအကာမှအပအားလုံးကိုရောပြီးနှယ်ထားပါ။
(၄)ပြီးလျှင် နှပ်ထားသောအသားကိုအလုံးလေးများ လုပ်ပြီး ကျောက်ပွင့်အဖတ်လေးများဖြင့်ကပ်ပြီးထုပ်ပေးပါ။
(၅)ထုပ်ပြီးသားအသားလုံးလေးများကိုပေါင်းမည့်ပန်းကန်တွင်စီထည့်ပေးပါ။
(၆)ပေါင်းအိုးတွင်ရေထည့်တည်ပြီးဆူပွက်လာပါကအသားလုံးပန်းကန်ထည်ပြီး ၁၅မိနစ်ခန့်ပေါင်းပါ။
(၇) အသားကျက်ပါကဖယ်ထုတ်ပြီး ထွက်လာသောအသားပေါင်းအ ရည်ကိုအိုးတခုတွင်ထည့်တည်ပါ။အရည်နည်းနေပါကရေအနည်းငယ်ရောပြီးအရသာထပ်ဖြည့်ပေးပါ။
(၈)ကြက်ဥအကာကိုခေါက်ပြီး၎င်းဟင်းရည်ပွက်ပါကဖြည်းဖြည်းဆီလောင်းထည့်ပြီးမွေပေးပါ။ နှစ်သက်ပါကကော်ရည်အနည်းငယ်ထည့်နိုင်သည်။
(၉)ဆူပွက်လာသောကြက်ဥအကာဟင်းအရည်ကိုအသားပေါင်းအပေါ်မှဆမ်းပေးပြီးsnow ball ဖြင့်တူသောအသား ပေါင်းလေး ကိုသုံး ဆောင်နိုင်ပါပြီ။
Sofia Food Paradise
မြူရွက်သုပ်
မြူရွက်သုပ်
heart emoticon
မြူရွက်ကဆောင်းနဲ့နွေကူးလောက်မှာအေးတဲ့ဒေသဘက်မှာအထွက်များပါတယ်။သူကအလေ့ကျပေါက်တဲ့အပင်တမျိုးပါ။တချို့ဒေသမှာတွေ့ရခဲလို့တချို့မသိတာလည်းရှိပါတယ်။မြူရွက်ကိုတခြားပုံစံလုပ်စားတဲ့နည်း တော့မတွေ့ဖူးဘူး။အမြဲသုပ်စားကြတာများပါတယ်။
ပါဝင်ပစ္စည်း
******
မြူရွက် - ပြုတ်ပြီးသားလက်၃ဆုပ်
ခရမ်းချဉ်သီးချက် - ၃ဇွန်း စားပွဲတင်ဇွန်း
ကြက်သွန်ဖြူဆီချက် - ၂ဇွန်း
ကြက်သွန်နီကြော် - လက်တဆုပ်
ငရုပ်သီးဆီချက် - ၁ဇွန်း
မြေပဲထောင်း - လက်တဆုပ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - တဇွန်း
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာမြူရွက်ကိုသင်ပြီးရေများများဖြင့်ဆေးပြီးရေစစ်ထားပါ။အမှုန်များပါက သဲများပါနိုင်ပါတယ်။
(၂)ပြီးလျှင်ရေဆူဆူတွင်ခဏချပြုတ်ပြီးရေအေးတွင်စိမ်ပါ။
(၃)အေးသွားပါကဆယ်ယူရေညစ်ပြီးပါးပါးစိတ်၍ဇလုံတခုတွင်ထည့်ပါ။
(၄)ပါဝင်ပစ္စည်းအားလုံးထည့်ပြီးသမအောင်နှယ်ပေးပါ။အရသာမြည်းပြီးပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်း
******
မြူရွက် - ပြုတ်ပြီးသားလက်၃ဆုပ်
ခရမ်းချဉ်သီးချက် - ၃ဇွန်း စားပွဲတင်ဇွန်း
ကြက်သွန်ဖြူဆီချက် - ၂ဇွန်း
ကြက်သွန်နီကြော် - လက်တဆုပ်
ငရုပ်သီးဆီချက် - ၁ဇွန်း
မြေပဲထောင်း - လက်တဆုပ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - တဇွန်း
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာမြူရွက်ကိုသင်ပြီးရေများများဖြင့်ဆေးပြီးရေစစ်ထားပါ။အမှုန်များပါက သဲများပါနိုင်ပါတယ်။
(၂)ပြီးလျှင်ရေဆူဆူတွင်ခဏချပြုတ်ပြီးရေအေးတွင်စိမ်ပါ။
(၃)အေးသွားပါကဆယ်ယူရေညစ်ပြီးပါးပါးစိတ်၍ဇလုံတခုတွင်ထည့်ပါ။
(၄)ပါဝင်ပစ္စည်းအားလုံးထည့်ပြီးသမအောင်နှယ်ပေးပါ။အရသာမြည်းပြီးပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
Sofia Food Paradise
Subscribe to:
Comments (Atom)

