မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 21 January 2016

ကြက်ခြေထောက်ဟင်း























ကြက်ခြေထောက်ဟင်း 

heart emoticon
ကြက်ခြေထောက်ဟင်းကိုစားနေကျဆီပြန်နဲ့မတူဘဲတမျိုးပြောင်းပြီးချက်စားဖြစ်ပါတယ်။စားလို့လည်း တော်တော်ကောင်းပါတယ်။ ကြိုက်တတ်တဲ့သူများချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ကြက်ခြေထောက် - တစ်ကီလို
ကြက်သွန်နီကြီးကြီး - ၂လုံး
မုန်လာဥနီ - တစ်တောင့်
ကြက်သွန်ဖြူ - တဥ
ဂျင်း - လက်တစ်ဆစ်
ငရုပ်သီးအနှစ် - စားပွဲတင် ၃ဇွန်း အစပ်မကြိုက်ရင်လျော့ထည့်ပါ။
ပဲငံပြာရည် အနှောက် - ၃ဇွန်း
ဟင်းခပ်မှုန့် - ၂ဇွန်း
ဆား - အနည်းငယ်
ဆီ - ၅ကျပ်သားခန့်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကြက်ခြေထောက်ကိုရေဆေးသန့်စင်ပြီးရေစစ်ထားပါ။
(၂)ပဲငံပြာရည် အနောက်ထည့်နယ်ပေးပြီး နာရီဝက်ခန့်နှပ်ထားပေးပါ။
(၃)ကြက်သွန်နီနှင့်မုန်လာဥကို အတုံးကြီးကြီးတုံးထားပါ။
(၄)ဂျင်းကိုအပြားလိုက်လေးလှီးထားပြီး ကြက်သွန်ဖြူကိုအခွံခွာပြီးအမြောင်းလိုက်ထည့်ပါ့မယ်။ငရုပ်နှစ်မရှိက အခြောက်ကိုရေစိမ်ပြီးကြိတ်ထားပါ။
(၅)အိုးတခုတွင်ဆီများများကိုအပူပေးပြီးနပ်ထားသောကြက်ကိုဆီပူထိုးပြီးဆယ်ယူထားပါ။
(၆)ကျန်အိုးထည်းမှဆီများကို ဖယ်ထုတ်ပြီးအနည်းငယ်ချန်ကာဂျင်း၊ ကြက်သွန်ဖြူ၊ နီ၊ မုန်လာဥ တို့ကိုငရုပ်နှစ်နင့်တွဲပြီးဆီသပ်ပါ။
(၇)မွေးလာပါကဆီပူထိုးပြီးသားကြက်ခြေထောက်ကိုထည့်မွေပါ။
(၈)အရသာဖြည့်စွက်ပြီးရေအနည်းငယ်ထည့်ကာအဖုံးအုပ်ပြီးတည်ထားပါ။
(၉)ရေမကြာမကြာထည့်မွေပေးပြီးကြက်ခြေထောက်ဆီပြန်ပြီးနူး အိလာသည်ထိတည်ပေးပါ။
(၁၀)နူးအိလာပါကအရသာအပေါ့အငံမြည်းကာနံနံပင်အုပ်ပြီးနှစ်သက်ရာထမင်းသို့ဆန်ပြုတ်ဖြင့်တွဲဖက်စားသုံးနိုင်ပါတယ်။ဆန်ပြုတ်ဖြင့်တွဲဖက်စားကအလွန်လိုက်ဖက်လှပါတယ်။

Sofia Food Paradise

ဂဏန်းအုန်းနို့ဟင်း heart emoticon Lemak Chilli Crab
























ဂဏန်းအုန်းနို့ဟင်း heart emoticon Lemak Chilli Crab 

ဂဏန်းဟင်းကိုမလေးစတိုင်အုန်းနို့နဲ့အစပ်ချက်လေးပါ။အစပ်ကြိုက်သူများအကြိုက်တွေ့မဲ့အလွန်အရသာရှိသောဟင်းလေးဘဲဖြစ်ပါတယ်။မလေးအစားအစာများတွင်ဟင်းခပ်အနှစ်ကိုကိုယ်တိုင်ကြိတ်သုံးလေ့ရှိတာကြောင့်ပိုမိုထူးကဲတဲ့အရသာကိုရရှိတာဖြစ်ပါတယ်။ကိုယ်တိုင်လည်းခုမှသာလျှင်ကြိတ်ပြီးချက်ဖူးတာကြောင့်သူ့ရဲ့ထူးကဲတဲ့အရသာကိုအလွန်သဘောကျမိပါတယ်။မလေးအစားအစာများဟာမြန်မာအစားစာများနှင့်ဆင်တူပါတယ်။လတ်တလောသင်ယူမိတဲ့မလေးစတိုင်ဟင်းချက်နည်းတချို့ကိုပြန်လည်မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်း
******
ဂဏန်း - ၁၅ ကောင်
ငရုပ်သီးစိမ်းနီ -ဆယ်တောင့်
ကြက်သွန်နီ - ငါးလုံး
ကြက်သွန်ဖြူ - ၅မြောင်း
ဂျင်း - လက်၂ဆစ်
နနွင်း -လက်တဆစ်
ပဒဲကော - ၅ပြား
စပါးလင်- ၃ချောင်း
ရှောက်ခါးရွက် - ၅ရွက်
အုန်းနို့ဘူးသေး - ၂ဘူး
ဆား - လိုသလောက်
ဟင်းခတ်မှုန့် - တဇွန်း
သကြား - ၃ ဇွန်း
ဆီ - ၁၀၀ ဂရမ်
ရေ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
***********
(၁)ဂဏန်းကိုအခွံခွာရေဆေးသန့်စင်ပြီးခြေချောင်းအဖျားများကိုဖြတ်ထားပါ။
(၂)ဟင်းခပ်အနှစ်ပြုလုပ်ပါ့မယ်။ငရုပ်သီး၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း၊ပဒဲကော၊စပါလင်တချောင်းပါးပါးလှီး၊နနွင်းတက်တို့ကိုရေအနည်းငယ်ဖြင့်ရောပြီးညက်ကြိတ်ပေးပါ။
(၃)အိုးတခုတွင်ဆီထည့်ပြီးကျန်စပါးလင်၂ချောင်ကိုထုပြီးရှောက်ရွက်ဖြင့်ရောကာဆီသပ်ပါ။
(၄)ကြိတ်ထားသောဟင်းအနှစ်ကိုထည့်ပါ။ဆီပြန်သည်ထိမွေပေးပါ။
(၅)ဆီပြန်လာပါကအုန်းနို့ထည့်ပါ။ဂဏန်းထည့်ပါ။ဂဏန်းမြုတ်သည်ထိရေထည့်ပါ။
(၅)ဆားသကြားနှင့်ဟင်းခပ်မှုန်ထည့်ပြီးရေခမ်းသည်ထိတည်ပေးပါ။မကာမကြာအိုကိုလှည့်ပေးပြီးအောက်ခြေမကပ်အောင်မွေပေးပါ။
(၆)လိုအပ်သောဟင်းအနှစ်အနေထားရပါကအရသာအပေါ့အငံမြည်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise