မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, 20 January 2016

ကြက်သားပဲငပိ


















ကြက်သားပဲငပိ

ထမင်းမြိန်စေမဲ့ကြက်ပဲငပိဆိုင်ဟင်းလေးကိုအတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။(ပျင်းတာ tongue emoticon ) ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ကြက်သား - လက်တစ်ဆုပ် ၁၅၀ ဂ၇မ် (ပုဇွန်၊ငါး၊အမဲသား)
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကော်မှုန့် - တစ်ဇွန်း
ပဲငပိအစပ် - တစ်ဇွန်း စားပွဲတင်
(ဈေးတွင်ရှမ်းချဉ်ဖြင့်တွဲေ၇ာင်းသည်)
ခရမ်းချဉ်သီး -တစ်ခြမ်း
ကြက်သွန်မိတ် - ၂ပင်
ငရုပ်သီးစိမ်းနီ - ၃ တောင့်
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာပထမကြက်သားကိုအတုံးသေးသေးတုံးကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။
(နယ်ပြီးေ၇ခဲသေတ္တာတွင်တခါချက်အထုပ်လေးများထုပ်ပြီးသိမ်းထားပါကချက်ခါနည်းအဆင်သင့်မြန်ဆန်စွာချက်နိုင်ပါတယ်။နပ်ထားသောကြက်သားဖြင့်ကြက်ချဉ်စပ်၊ကြက်ပဲငပိ၊ကြက်ကုန်းဘောင်၊ကြက်မုန်ညင်းချဉ်၊စသဖြင့်ဟင်းပွဲများတွင်အသုံးပြုနိုင်ပါတယ်။)
(၂)ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီးသုံးမြောင်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ကြက်သွန်မိတ် တစ်လက္မအရှည်ဖြတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
(၂)ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အေ၇ာင်ပြောင်း၇ုံကြော်ပါ။ပဲငပိထည့်ပါ။(မွှန်ပါတယ်)ကြက်သားထည့်ကြော်ပါ။
(၃)ကြက်သားအေ၇ာင်ပြောင်းပါကကြက်ပြုတ်ရည်သို့မဟုတ်ေ၇အနည်းငယ်ထည့်ပေးပါ။နည်းနည်းဆီထည့်ပါ။
(၄)ကြက်သားကျက်ပါကအရသာအပေါ့အငံမြည်းပါ။ငရုပ်သီးခြမ်း၊ခ၇မ်းချဉ်သီး၊ကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။(မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။ကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)



Sofia Food Paradise  & တရုပ်အစားအစာများ.


ချဉ်ပေါင်ကြော်


















ချဉ်ပေါင်ကြော်

ချဉ်ပေါင်ကြော်ကြော်နည်းကတယောက်နဲ့တယောက်သိပ်မကွာကြပါဘူး။မြန်မာတိုင်းနှစ်သက်တဲ့မရိုးနိုင်တဲ့ဟင်းတခွက်ပါ။မေးထားတဲ့ညီမတယောက်အတွက်ဆိုဖီယာရဲ့ကြော်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ချဉ်ပေါင်ရွက် - သုံးစည်း
ကြက်သွန်နီ -နှစ်လုံး
ခရမ်းချဉ်သီး - နှစ်လုံး
မျှစ်ပြုတ် - ၁၀၀ ဂရမ်
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်းစားပွဲဇွန်း
ပုဇွန်ခြောက်- သုံးဇွန်း
ငါးပိ - တစ်ဇွန်း
ပုဇွန်ဆိတ် - တစ်ပန်းကန် (ထည့်လိုကထည့်ပါ)
အရောင်တင် - တစ်ဇွန်း ငရုတ်သီးမှုန့်
နနွင်း - အနည်းငယ်
ငံပြာရည် - နှစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ငံပြာရည် -နှစ်ဇွန်း
ဆား + အနည်းငယ်
ငရုတ်သီးစိမ်း - ဆယ် တောင့်
နံနံပင် - လက်တစ်ဆုပ်
ပြင်ဆင်ချက်ပြုတ်နည်း
***************
(၁)ဦးစွာချဉ်ပေါင်ရွက်ကိုရေဆေးသန့်စင်ပြီးဆားအနည်းငယ်ဖြင့်နွမ်းအောင်နယ်ထားပါ။
(၂)ကြက်သွန်ပါးပါးစိတ်ထားပါ။ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။ပုဇွန်ရေဆေးသန့်စင်ထားပါ။
(၃)ချဉ်ပေါင်ရွက်ကိုနွမ်းအောင်နယ်ပြီးရေဆေး၍ရေခြောက်အောင်ညစ်ထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ကိုနနွင်းအနည်းငယ်ဖြင့်ဆီသပ်ပါ။ဂျင်းကြက်သွန်ဖြူ၊ပုဇွန်ခြောက်ထည့်ပါ။အရောင်တင်မှုန့်ထည့်ပါ။ခရမ်းချဉ်သီးငါးပိတို့ကိုထည့်ပြီး ကြေအောင်ခြေပေးပါ။မျှစ်ထည့်ပါ။
(၅)ကြေသွားပါကပုဇွန်ဆိတ်ထည့်လိုကထည့်ပါ။ချဉ်ပေါင်ရွက်ထည့်ကာအရသာဖြည့်စွက်ပြီးနွမ်းအောင်ကြော်ပေးပါ။
(၆)ဆီပြန်လုံးလာပါကအရသာအပေါ့အငံမြည်းပြီးငရုပ်သီးစိမ်းနံနံပင်ထည့်ကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise