မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, 20 January 2016

ကြက်ခြောက်စပ်

















ကြက်ခြောက်စပ် ♡
ပါဝင်ပစ္စည်းအနည်းငယ်နဲ့ပြုလုပ်ရလွယ်ကူပြီးထမင်းမြိန်စေမဲ့ကြက်ခြောက်စပ်ကြော်လေးဘဲဖြစ်ပါတယ်။ထူးဆန်းတဲ့ဟင်းတခွက်မဟုတ်ပေမဲ့စားသောက်ဆိုင်အတော်များများမှာလူကြိုက်များတဲ့ဟင်းတမယ်အဖြစ်တင်ရောင်းတဲ့ကြက်ခြောက်စပ်လေးအိမ်မှာကြော်စားရအောင်ဆိုဖီယာနည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကြက်သား - ၁၅၀ ဂရမ်
ဂျုံ - ၂ဇွန်း စားပွဲတင်ဇွန်း
ပြောင်းဖူးမှုန့် - တစ်ဇွန်း
ဆား - အနည်းငယ်
ကြက်သွန်နီ - နှစ်လုံး
ကြက်သွန်ဖြူ - ဆယ်မြောင်း
ငရုတ်သီး - ဆယ်တောင့်
ငါးငံပြာရည် - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
သကြား -တစ်ဇွန်း
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ကြက်သားကိုအတုံးသေးသေးတုံးပြီးဆား၊ဂျုံ၊ပြောင်းမှုန့်ထည့်ပြီးနယ်ထားပါ။
(၂)ကြက်သွန်ကိုပါးပါးစိတ်ထားပါ။ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းဓားပြားရိုက်ကာခပ်ကြမ်းကြမ်းစိတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကအိုးတခုတွင်ဆီထည့်ပြီးကြက်သားကိုကြွပ်အောင်ကြော်ပါ။အပြင်သားအရောင်ရပြီးကြွပ်လာပါကဆယ်ယူဆီစစ်ထားပါ။
(၄)လက်ကျန်ဆီအိုးတွင်ကြက်သွန်ပါးပါးစိတ်ထားသည်ကိုနီရောင်သမ်းသည်ထိကြော်ကာဆယ်ယူဆီစစ်ထားပါ။
(၅)အိုးထဲမှဆီများကိုဖယ်ထုတ်ပြီးထမင်းစားဇွန်း၂ဇွန်းစာခန့်ချန်ကာကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းထည့်ကြော်ပါ။
(၆)မွှေးလာပါကကြက်သား၊ကြက်သွန်ဆီစစ်ထားသည်တို့ကိုထည့်ပါ။မီးလျော့ထားပြီးငံပြာရည်၊သကြား၊ဟင်းခပ်မှုန့်ထည့်ပြီးသမအောင်မွေပေးပြီးအရသာအပေါ့အငံမြည်းကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
Sofia Food Paradise  

ဆယ်မိုင်ဆနွင်းမကင်း ♡Semiya Cake
















ဆယ်မိုင်ဆနွင်းမကင်း ♡Semiya Cake

ဆယ်မိုင်လို့လူသိများတဲ့အချိုပွဲလေးကိုအိန္ဒိယပါကစ္စတန်နီပေါဘင်္ဂလားဒေ့ခ်ျသီရိလင်္ကာတွေမှာတာ့မွေးနေ့ပွဲမင်္ဂလာပွဲတွေမှာရိုးရာအချိုပွဲအဖြစ်တည်ခင်းလေ့ရှိတဲ့အချိုပွဲလေးဖြစ်ပါတယ်။မအီမစိမ့်ဘဲအမွေးနံ့လျော့ပြီးဆနွင်းမကင်းပုံစံပြုလုပ်ထားခြင်းဖြစ်ပါတယ်။ဆိုဖီယာလည်းနှစ်သက်လို့မြန်မာပြည်ပြန်ရင်တော့အမြဲဝယ်စားဖြစ်ခဲ့တယ်။အခုဆိုဖီယာပြုလုပ်ထားတဲ့လုပ်နည်းအချိုးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဆယ်မိုင်ခြောက် - ၄၀၀ဂရမ်
ထောပတ် - ၅၀ဂရမ်
ဆီ - ၁၀၀ဂရမ်
ရေ - တစ်လီတာ
အုန်းနို့ - ၅၀၀ml
နို့်ဆီ - တစ်ဘူး
သကြား - ၁၀၀ဂရမ်
ဖာလာစေ့ - ၃စေ့
ကရဝေးရွက် - ၂ရွက်
သီဟိုဠ်သို့မဟုတ်Almond flake -အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)အိုးထဲတွင်ထောပတ်နှင့်ဆီထည့်ပြီးအပူပေးပါကရဝေးရွက်နှင့်ဖာလာစေ့ထည့်ပါ။ဆယ်မိုင်ခြောက်ကိုချိုးပြီးထည့်ကာအနံမွေးပြီးနီညိုရောင်သမ်းလာသည်ထိကြော်ပေးပါ။
(၂)နီရောင်သမ်းပြီးမွေးလာပါကရေအုန်းနို့သကြားနို့ဆီတို့ကိုထည့်ပြီးဆူပွက်အောင်တည်ပေးပါ။အိုးမကပ်စေရန်အဆက်မပျက်မွေပေးပါ။သီဟိုဠ်စေ့ခြောက်သစ်သီးခြောက်ထည့်ပါ။
(၃)ဆယ်မိုင်ခြောက်အမျှင်အကြီးအသေးပေါ်မူတည်ပြီးရေထပ်လိုက်ရန်လိုအပ်ပါကထပ်ထည့်ပေးပြီးဆယ်မိုင်ပျော့လာပြီးနပ်သည်ထိတည်ပေးပါ။
(၄)ဆယ်မိုင်နှပ်ပါကဆီသုတ်ထားသောဘမ်းတွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ကာအနည်းငယ်ဖိပေးပါ။ကရဝေးရွက်နှင့်ဖာလာစေ့ကိုဖယ်ထုတ်ထားပါ။
(၅)အပေါ်မီးကင်လိုပါကအပူချိန်၂၂၀ဖြင့်ဆယ်မိနစ်ခန့်ကင်နိုင်ပြီးမကင်ဘဲလည်းအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။


Sofia Food Paradise