မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, 19 January 2016

ပုဇွန်ကော်ပြန့်စိမ်း ♡ Popiah (Fresh Spring Rolls)
















ပုဇွန်ကော်ပြန့်စိမ်း ♡ Popiah (Fresh Spring Rolls)


ကော်ပြန့်ကြော်ကော်ပြန့်စိမ်းကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးပြုလုပ်စားသုံးလေ့ရှိပါတယ်။ခုလုပ်ထားတဲ့ပုံစံကတော့စင်္ကာပူမှာpopiahလို့လူသိများတဲ့ကော်ပြန့်စိမ်းဖြစ်ပါတယ်။အချိုအစပ်ပုံစံနှစ်မျိုးရှိပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကော်ပြန့် ဖက် - ၁၅ရွက်
ဆလပ်ရွက် - နှစ်ပင် ခင်းရန်
စိမ်းစားဥ - တလုံး အကြီး
မုန်လာဥနီ - တစ်တောင့်
ဂေါ်ဖီ - တစ်ထုပ် အသေး
ဘိုစားပဲ သို့ ရွှေပဲ - လက်တစ်ဆုပ်
ပဲပင်ပေါက် - ၁၅၀ဂရမ် တဆယ်သားခန့်
ပဲပြား - နှစ်တုံး
ကြက်သွန်ဖြူ - ၃မြောင်း
ကြက်သွန်မိတ် - ၅ပင်
ပုဇွန် - ၁၅ကောင်(ဂဏန်းနှစ်သက်ရာ)
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆီ - အနည်းငယ်
တွဲဖက်ဆော့စ်
**********
Sweet Sauce
Sambal Sauce
ကြက်သွန်နီကြော်
မြေပဲနှမ်းထောင်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကော်ပြန့်ဖက်ကိုခွာပြီးအဝတ်ရေစိုဖန့်ဖန့်ဖြင့်အုပ်ထားပေးပါ။
(၂)ပုဇွန်ကိုအခွံသင်ပြီးရေဆေးသန့်စင်ကာပြုတ်ထားသို့ကြော်ထားပါ။သတ်သတ်လွတ်လည်းလုပ်နိုင်ပါတယ်။
(၃)အသီးအနှံများဖြစ်သည့်ဂေါ်ဖီ၊ဥနီ၊ပဲသီးစိမ်းစားဥတို့ကိုရေဆေးသန့်စင်ပြီးသေးသေးစိတ်ထားပါ။ပဲပြားကိုသေးသေးစိတ်ပြီးကြော်ထားပါ။
(၄)အိုးတခုတွင်ဆီထည့်ပြီးကြက်သွန်ဖြူသေးသေးစိတ်ကာဆီသပ်ပါ။လှီးဖြတ်ထားသောသီးနှံများကိုထည့်ပြီးမီးပြင်းဖြင့်ကြော်ပါ။
(၅)ဆားဟင်းခပ်မှုန့်ထည့်ပြီးမွေပေးကာအရသာအပေါ့အငံမြည်းပြီးထွက်လာသောရေများကိုစစ်ထားပါ။
(၆)ရေစစ်သွားပါကကြက်သွန်မိတ်ပဲပြားကြော်တို့ကိုသေးသေးလှီးပြီးသမအောင်မွေပေးကာကော်ပြန့်ထုပ်ရန်အသင့်ဖြစ်ပါပြီ။
(၇)အားလုံးအသင့်ဖြစ်ပါကကော်ပြန့်ဖက်ကိုခင်းပါ။နှစ်သက်ရာဆော့ကိုအလယ်တွင်လူးပါ။ဆလပ်ရွက်ခင်းပြီးကြော်ထားသောသီးနှံစုံ၊ပုဇွန်တို့ကိုအပေါ်မှတင်ပြီးမိမိနှင့်နီးရာဘက်မှစတင်လိတ်ပေးပါ။(၈)ပြီးလျှင်လိုသလိုလှီးဖြတ်ပြီးပန်းကန်တွင်ထည့်ကာအပေါ်မှနှစ်သက်ရာဆော့စ်မြေပဲနှမ်းထောင်းကြက်သွန်ကြော်ဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ကြက်ဥထည့်လိုပါကကြက်ဥကိုအချပ်လိုက်ကြော်ပြီးအမျှင်စိတ်ကာထည့်နိုင်ပါတယ်။


Sofia Food Paradise 

တုံယမ်းဟင်းချို



















တုံယမ်းဟင်းချိုTom Yum 


တုံယမ်းဟင်းချိုကိုဒေသအလိုက်မတူညီတဲ့ပုံစံအမျိုးမျိုးချက်ကြပါတယ်။ဆိုဖီယာ၇ဲ့ယိုးဒယားဆ၇ာနှစ်ယောက်ချက်တာလည်းတမျိုး ဆီပါ။တယောက်ကနို့စိမ်းနဲ့အုန်းနို့သုံးတယ်။တယောက်ကမသုံး ပါဘူး။ဆိုဖီယာတော့မထည့်တာပိုကြိုက်လို့ဒီနည်းကိုဘဲတင်ပေးလိုက်ပါတယ်။သူငယ်ချင်းတို့မတူတာတွေရှိခဲ့မယ်ဆိုလည်းကိုယ်ကြိုက်တဲ့နည်းနဲ့ကိုယ်ချက်နိုင်ပါတယ်နော်။
ပါဝင်ပစ္စည်း
*******
တစ်ပွဲ (၃ယောက်စာ)
ကြက်ပြုတ်၇ည် သို့ေ၇ - ၅၀၀ml
ကြက်သွန်နီ - တစ်လုံး
ခ၇မ်းချဉ်သီး - တစ်ခြမ်း
စပါးလင် - တစ်ချောင်း
ပဒဲကော- ၃ပြား
ရှောက်ခါး၇ွက် - ၂၇ွက်
မှို - လက်တစ်ဆုပ် (ကောက်၇ိုးမှို)
ကြက်သား သို့ ပုဇွန် ပင်လယ်စာ - တစ်ပန်းကန်
င၇ုပ်သီးစိမ်း - ဆယ်တောင့်
သံပု၇ာသီး - တစ်လုံး (စားပွဲတင်၂ဇွန်း)
ယိုးဒယားငံပြာ၇ည် - ၂ဇွန်း
ဟင်းခပ်မှုန့် သကြား - လ္ဘက်ဇွန်းတစ်ဇွန်း
တုံယမ်းအနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
အခဲထည့်လိုကတခဲထည့်ပါ။
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပါဝင်ပစ္စည်းများအားလုံးကိုပြင်ဆင်လှီးဖြတ်ထား၇ပါမယ်။ကြက်သွန်ကိုအနေတော်အတုံးဖြတ်ထားပါ။ခ၇မ်းချဉ်သီးကိုအမြောင်းကြီးကြီးလှီးထားပါ။ကောက်၇ိုးမှိုကိုလေးစိတ်စိတ်ထားပါ။စပါးလင်ကိုအပြင်ခွံခွာပြီးခပ်စောင်းစောင်းထူထူလှီးဖြတ်ထားပါ။ပဒဲကောကိုပါးပါးလှီးထားပါ။ကြက်သားကိုအနေတော်အတုံးလှီးဖြတ်ထားပါ။ပုဇွန်ကိုသန့်စင်ထားပါ။ပင်လယ်စာထည့်လိုပါကပြင်ဆင်လှီးဖြတ်ထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကအိုးတခုတွင်ကြက်ပြုတ်၇ည် သို့ေ၇ကိုထည့်ပါ။ကြက်သွန်နီ၊စပါးလင်၊ပဒဲကော၊မှို ကြက်သားထည့်လိုကထည့်ပါ။တုံယမ်းအနှစ်ထည့်ပြီးမီးဖိုပေါ်တည်ပါ။
(၃)အရသာငံပြာ၇ည်နှင့်ဟင်းခပ်မှုန့်သကြားထည့်ပြီးဆူပွက်အောင်တည်ပါ။
(၄)ဆူပွက်ပါကရှောက်၇ွက်၊ပုဇွန်နှင့်ခ၇မ်းချဉ်သီးထည့်ပြီးပြန်လည်ဆူပွက်သည်ထိထားပါ။
(၅)ပြန်လည်ဆူပွက်လာပါကအ၇သာအပေါ့အငံမြည်းကာမီးပိတ်ပြီးသံပု၇ာ၇ည်နှင့်င၇ုပ်သီးစိမ်းထည့်ကာချဉ်ငံစပ်အ၇သာပြင်ပြီးနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။
ေ၇ှာက်၇ွက်၊ခ၇မ်းချဉ်သီး၊ပုဇွန်နှင့်ပင်လယ်စာကို ချခါနီးမှထည့်ပါ။ နောက်ဆုံးသုံးဆောင်မည့်အချိန်မှသာင၇ုပ်သီး၊သံပု၇ာသီးထည့်ပါ။ငံပြာ၇ည်မထည့်ခင်သံပု၇ာ၇ည်မထည့်ရ။ဟင်းချိုကောင်းကောင်း၇ဖို့အတွက် ဒီအချက်လေးတွေကိုသတိထားပြီးထည့် ကြည့်ပါနော်။


Sofia Food Paradise