မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, 19 January 2016

တုံယမ်းထမင်းကြော် ♡ Seafood Tom Yum Fried Rice














တုံယမ်းထမင်းကြော် ♡Seafood Tom Yum Fried Rice


တုံယမ်းဆိုရင်များသောအားဖြင့်ဟင်းချိုဘဲလုပ်သောက်ကြတာများပါ တယ်။ခုတော့ထမင်းကြော်လေးကြော်ထားတယ်နော်။ထမင်းကြော် အရမ်းကြိုက်ပြီးပုံစံရိုးရိုးစားရတာငြီးငွေ့နေသူ များအတွက်ပုံစံအသစ် တမျိုးနဲ့အရသာထူးကဲလှတဲ့ပင်လယ်စာ တုံယမ်းထမင်းကြော် ချဉ်စပ် လေးကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ထမင်းဖြူ - တစ်ပွဲ
ကြက်ဥ - တစ်လုံး
ကြက်သွန်နီ - တစ်ခြမ်း
ကြက်သွန်ဖြူ - တစ်မြောင်း
တုံယမ်းနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
(အခဲဆိုရေဖျော်သုံးပါ)
ပုဇွန် - ၅ ကောင် (နှစ်သက်ရာအသား)
စပါးလင် - တစ်ပိုင်း
ရှောက်ရွက် - နှစ်ရွက်
ပဒဲကော - ၃ပြား
ငရုပ်သီးစိမ်း - နှစ်တောင့်
ငံပြာရည် - ဇွန်းတဝက် စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ခရမ်းချဉ်သီး - သူံးမြောင်း
သခွားသီး - အနည်းငယ်
ဆီ - ၃ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ထမင်းဖြူတစ်ပွဲကိုအအေးခံထားပါ။ပုဇွန်ကိုကျောခွဲသန့်စင်ထားပါ။ကြက်သွန်ပါးပါးစိတ်၊ကြက်သွန်ဖြူငရုပ်သီးစိမ်းသေးသေးစိတ်စပါးလင်ကိုအတွင်းနုသည့်အပိုင်းထိခွာပြီးပါးပါးလေစိတ်ထားပါ။ပဒဲကောပါးပါးစိတ်ထားပါ။ရှောက်ခါးရွက်ကိုလည်းအမျှင်လေးဖြစ်အောင်စိတ်ထားပါ။ကြက်ဥကိုခေါက်ထားပါ။ခရမ်းချဉ်သီး စိတ်ထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးကိုအပူပေးပြီးဆီအနည်းငယ်ဖြင့်အိုးကင်းကပ်ပါးပါးလေးကြော်ပြီးအပြင်ထုတ်ကာအမျှင်လေးများစိတ်ထားပါ။တခါတည်းရောကြော်လိုကကြော်ပါ။
(၂)ဆီတစ်ဇွန်းထည့်ပြီးပုဇွန်ကြာ်ပြီးဖယ်ထုတ်ထားပါ။
(၃)ဆီတစ်ဇွန်းထည့်ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊စပါးလင်၊ပဒဲကော၊ရှောက်ရွက်တို့ကိုဆီသပ်ပါ။တုံယမ်းအနှစ်ထည့်ပြီးဆီသပ်ပါ။
(၄)ထမင်းဖြူထည့်ပါ။ငံပြာရည်၊ခရုဆီထည့်ပြီးသမအောင်မွေပေးပါ။
(၅)အရသာအပေါ့အငံမြည်းကာကြက်ဥပုဇွန်ခရမ်းချဉ်သီးငရုပ်သီးတို့ကိုထည့်ပြီးသမအောင်မွေပေးပြီးပန်းကန်တွင်တည်ခင်းကာနံနံပင်သခွာသီးနှင့်တွဲဖက်၍အရသာရှိလှသောတုံယမ်းထမင်းကြော်ကိုသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise

Wednesday, 6 January 2016

ပုဇွန်ကုန်းဘောင်















ပုဇွန်ကုန်းဘောင် ♡
ထမင်းမြိန်စေမဲ့ပုဇွန်ကုန်းဘောင်ကြီးကြော်ဆိုင်ဟင်းလေးကို အတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။(ပျင်းတာ tongue emoticon ) ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ပုဇွန် - ဆယ်ကောင် (ကြက်၊ငါး၊အမဲသား)
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကော်မှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီး -တစ်ခြမ်း
ရွှေပဲ - ၅တောင့်
ငရုပ်သီးခြောက် - ၅ တောင့်
ရှောက်ကော တရုပ်မဆလာ - အနည်းငယ်
Sweet Soya Sauce - တစ်ဇွန်း
(အနောက်ရည်)
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာပထမပုဇွန်ကိုရေဆေးသန့်စင်ကျောခွဲထားပါ။ဆား၊ဟင်းခ ပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။
(၂)ကြက်သွန်နီအတုံးကြီးလှီးထားပါ။ခရမ်းချဉ်သီးအတုံးကြီးစိတ်ထားပါ။ငရုပ်သီးခြောက်ချွေထားပါ။ရွှေပဲကိုတဝက်စိတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
(၄)ဆီပူလျှင်ငရုပ်ခြောက်ကိုကျွမ်းအောင်ကြော်ပြီးဖယ်ထုတ်ထား ပါ။ပုဇွန်ကိုဆီပူတွင်တချက်ချကြော်ပါ။တဝက်ကျက်အနေထားရပါကဆယ်ယူဆီစစ်ထားပါ။
(၅)အိုးထဲမှဆီအချို့ကိုဖယ်ထုတ်ပြီးကြက်သွန်ထည့်ပြီးကြော်ပါ။ မီးပြင်းဖြင့်အေ၇ာင်ပြောင်း၇ုံကြော်ပါ ။ပုဇွန်၊ေ၇ွှပဲ၊ခရမ်းချဉ်သီးတို့ကို ထည့်ကြော်ပါ။
(၆)ကြက်ပြုတ်ရည်သို့မဟုတ်ေ၇အနည်းငယ်ထည့်ပေးပါ။အနောက်ရည်ထည့်ပြီးမွေပေးပါ။နောက်ဆုံးတွင်ရှောက်ကောမှုန့်ထည့်ပြီးငရုပ်သီးခြောက်ကြော်ထည့်ကာသမအောင်မွေပေးပြီးပန်းကန်တွင်တည်းခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise &  
တရုပ်အစားအစာများ.