မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label မြန်မာစာတန်းထိုးဇာတ်ကားများ. Show all posts
Showing posts with label မြန်မာစာတန်းထိုးဇာတ်ကားများ. Show all posts

Friday 24 November 2017

Baby ( 2015 ) မြန်မာစာတန်းထိုး




Baby ( 2015 )မြန်မာစာတန်းထိုး Bollywood မင်း

သားရှေးကူမားရဲ့အက်ရှင်ဇတ်ကြမ်း HD Blurayrip


ဇာတ်ကားကြည့်ရန်နှိပ်ပါ





Bitcoin Heist (2016) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Bitcoin Heist (2016) မြန်မာစာတန်းထိုး


IMbD Rating 6.0 ရထားတဲ့ဗီယက်နမ် Action/comedy ဇာတ်ကားကောင်းလေးတစ်ခုပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘစ်ကွိုင်း ဆိုတဲ့ ဒစ်ဂျစ်တယ် ငွေကြေးက ခေတ်စားနေတဲ့ ၂၀၂၀ ခုနှစ်အချိန်လေးပါ၊ ဒါပေမယ့် ဘစ်ကွိုင်းကို တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ထားကြပါတယ်။ ဘာလို့လဲဆိုတာ့ ဒီငွေကြေးကအလွယ်တကူ အင်တာနက်ပေါ်မှာ ဘဏ်တွေနဲ့ချိတ်ဆက်စရာမလိုဘဲ လွဲနိုင်လို့ပါ၊။ ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ခေါင်းစားစေသလို နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ၀ိညာဉ်ဆိုတဲ့ ဟက်ကာကို အပူတပြင်းလိုက်ရှာဖမ်းနေကြပါတယ်၊ ဘာလို့လဲဆိုတော့ ၀ိညာဉ်ဆိုတဲ့ ဟက်ကာ ကွန်ပျူတာတွေကို အွန်လိုင်းကနေ အုတ်ဂူလို့နာမည်ပေးထားတဲ့ဗိုင်းရပ်တစ်မျိုးဖြန့်ပြီး ဘစ်ကွိုင်းငွေကြေးတွေ အကြပ်ကိုင် တောင်းခံနေလို့ပါ ဒီလိုခြေရာဖျောက်ကောင်းတဲ့ ၀ိညာဉ်ဆိုတဲ့ ဟက်ကာကို ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ဘယ်လိုများနည်းလမ်းတွေနဲ့ ဖမ်းဖို့ကြံစည်ခဲ့သလဲ ဖမ်းမိမှာလဲ လွတ်သွားမှာလဲ ၀ိညာဉ်ကဘယ်သူလဲဆိုတာကို မထင်မှတ်တဲ့ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ဘယ်လိုဖြစ်သွားသလဲဆိုတာကို စောင့်ကြည့်ုလိုက်ကြပါ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ဘဲဖြစ်ပါတယ် )


ဇာတ်ကားကြည့်ရန်နှိပ်ပါ





Adèle Blanc-Sec.... မြန်မာစာတန်းထိုး အစအဆုံး


Adèle Blanc-Sec.... မြန်မာစာတန်းထိုး အစအဆုံး

ဇာတ်ကားကြည့်ရန်နှိပ်ပါ




Mr.Vampire 5 :Magic Cop (1990) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ


Mr.Vampire 5 :Magic Cop (1990) မြန်မာစာတန်းထိုး

ခုန်ဆွသရဲကားတွေကြည့်ဖူးတဲ့ မိတ်ဆွေတို့ အဖို့ Lam Ching Ying ကို တရုတ်သရဲမှော်ဆရာကြီးအဖြစ် အသိများကြပါတယ်.။ ဒီဇာတ်ကားဟာတော့ သူ့ကို နာမည်ကျော်ကြား အာရှတစ်လွှားမှာလူသိများစေခဲ့တဲ့ Mr.Vampire 1 2 3 4 အပြီးမှာ ထပ်မံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားပါ.။ imdb rating 7.1 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်.။ ဇာတ်လမ်းကတော့ .... ဦးလေးဖန်း(lam Ching Ying) ဟာ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ မှော်အတတ်ပညာကိုလေ့လာနေတဲ့ နတ်ဆရာတစ်ယောက်ပါ..။ သူက ရှေးရိုးစွဲတယ်လို့လူတွေကထင်တယ် သူမှန်တယ်ထင်ရာဇွတ်လုပ်တတ်တယ် အမှုလိုက်ရင်လဲ သူမှန်တယ်ထင်ရာလုပ်ပစ်တာ အဲ့ဒါတွေကြောင့်ရာထူးမတိုးပဲ သာမန်ရဲဝန်ထမ်းဘ၀နဲ့ နှစ်ပေါင်းကြာရှည်နေနေရသူပါ.။ တစ်ရက်မှာတော့ အိမ်နီးချင်းဖြစ်တဲ့ အဖွားအိုရဲ့ မြေးရက်စက်စွာ အသတ်ခံရမှု့ ဖြစ်ပွားပြီး လူသတ်သမားဟာ ဘယ်လိုမှ ခြေရာခံမရအောင်ပျောက်ဆုံးနေခဲ့ပါတယ်.။ ဖန်းဟာ အလောင်းကို စစ်ဆေးကြည့်ရှု့တဲ့အခါမှာတော့ အဖွားကြီးသမီးသေဆုံးရမှု့ဟာ အသက်ဝင်နေတဲ့ ဖုတ်ကောင်တွေနဲ့ ပက်သက်တယ်ဆိုတာကို စတင်သိရှိလိုက်ရပါတယ်. ။ ဖုတ်သွင်းအတတ်ဟာ နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်တိမ်မြုပ်နေတဲ့ ပညာရပ်တစ်ခုဖြစ်ပြီး အခုခေတ်မှာ ပြန်လည်ပေါ်ထွန်းလာတဲ့အခါမှာတော့ အောက်လမ်းဂျပန်မှော်ပညာရှင်တစ်ဦးဟာ လွှဲမှားစွာ အသုံးချနေပြီဖြစ်ပါတယ်.။ လူတွေကို ထပ်ပြီး ဖုတ်ဝင်အလောင်းတွေနဲ့ တိုက်ခိုက်မှု့တွေဖြစ်ပွားလာပြီး ရက်စက်စွာ တရားခံရှာမတွေ့ပဲ အသတ်ဖြတ်ခံရမှု့များဟာ အောက်လမ်းမှော်ပညာနဲ့ ပက်သက်နေတာသိတဲ့အခါမှာတော့ ဒီအရာကို တားနိုင်သူဟာ ဦးလေးဖန်းတစ်ယောက်သာရှိပါတော့တယ်.။ Translated by Koharu Yuki Encoded by Sai Ko Quality...........hdrip


ဇာတ်ကားကြည့်ရန်နှိပ်ပါ







Mission Milano (2016) မြန်မာစာတန်းထိုး





ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Mission Milano (2016) မြန်မာစာတန်းထိုး

မင်းသားကြီး Andy Lau ဦးဆောင်ပါဝင်တဲ့ ဒီဇာတ်ကားဟာ စွန့်စား အက်ရှင် ဟာသ အမျိုးအစား ဟောင်ကောင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့……. လူးဝစ္စလော်ဟာ နည်းပညာ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး လူ သိများတဲ့ လူချမ်းသာ စွန့်ဦးတီ ထွင်လုပ်ငန်းရှင်တစ်ယောက်ပါ။ ဒီဂုဏ်ပုဒ်တွေရဲ့ နောက်ကွယ်မှာ တော့ သူဟာ ကိုယ်ခံပညာမာစ တာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဘိုး ဘေးဘီဘင်တွေက ချမ်းသာတဲ့ လူတွေဆီက ခိုးယူပြီး မရှိဆင်းရဲ သားတွေကို အလှူအတန်းပေးတဲ့ သူတော်ကောင်းသူခိုးတွေအဖြစ် အစဉ်အဆက်လုပ်ခဲ့ကြတာပါ။ အမျိုးအဆွေတွေရဲ့ ကောင်းမွေကို လက်ခံရရှိထားတဲ့ လူးဝစ္စ လော်ဟာလည်း မတရားမှုတွေအ တွက် တိုက်ပွဲဝင်သလို အမှုမှန် ပေါ်ပေါက်ဖို့အတွက်လည်း ရဲတွေကို အကူအညီပေးပါတယ်။ တစ်ရက်မှာတော့ လူးဝစ္စ ဟာ ဆွစ်ဇာလန်တက္ကသိုလ်ရဲ့ ရန်ပုံငွေနဲ့ သီးနှံစိုက်ပျိုးမရတဲ့မြေမှာ တစ်မိနစ်အတွင်း သီးနှံစိုက်နိုင်တဲ့ Seed of God ကို တီထွင်နိုင်ခဲ့ပြီး ပြိုင်ဘက်တွေကို ကျော်လွှားကာ စိုက်ပျိုးရေးလောကမှာ လက်ဝါး ကြီးအုပ်နိုင်မယ့် အနေအထားရှိခဲ့ ပါတယ်။ အဲဒီအခါမှာ Crescent ဆို တဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီး တစ်ခုရဲ့ ခေါင်းဆောင်စနိုးက သူ့ ရဲ့တပည့် ဖီးနစ်နဲ့အတူ Seed of God ရယ်၊ တီထွင်သူရယ်ကို ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အင်တာပိုအဖွဲ့ဟာ ဆာဆမ်ပန် ဟောင်ကို လူးဝစ္စနဲ့အတူ ပူးပေါင်း ပြီး Seed of God ကို ပြန်လည်ရှာဖွေပြီး အဖျက်အမှောင့်တွေကို စုံစမ်းဖို့အတွက် စေလွှတ်ခဲ့ပါ တယ်။ ဆမ်ပန်ဟောင်နဲ့ လူးဝစ္စတို့ အဖွဲ့တွေဟာ မကာအို၊ ဟောင် ကောင်နဲ့ မီလန်မှာ လိုက်လံစုံစမ်း ခဲ့ကြရာမှာ မီလန်က ဓာတ်ခွဲခန်း တစ်ခုမှာ Seed of God ရှိနေတာ ကို ခြေရာခံမိခဲ့ကြပါတယ်။ သို့ ပေမဲ့လည်း လူဆိုးအဖွဲ့တွေက လူးဝစ္စရဲ့အမေကို ဓားစာခံလုပ် ပြီး Seed of God ကို တောင်းဆို တဲ့အခါမှာ လူးဝစ္စတို့တွေ ဘာ တွေရပ်ဆိုင်ပြီး ဇာတ်သိမ်းရမှာလဲ ဆိုတာ ဆက်လက်ရှုစားလိုက်ပါဦးနော်။ ဟောင်ကောင်အက်ရှင် ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း အတိုက်အခိုက်တွေရော၊ ရယ်စရာဇာတ်ကွက်တွေရောမို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါ တယ်။ ဒီဇာတ်ကားမှာ ပါဝင်ထားသူတွေက အန်ဒီလောင်၊ ဟွမ်ရှောင်မင်၊ ဝမ်ချိုလမ်၊ မစ်ရှဲဟူ၊ နာနာဥယန် စသူတွေပဲ ဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းကို 7daydaily.com မှကူးယူဖော်ပြပါသည်။) #ChannelMyanmar


ဇာတ်ကားကြည့်ရန်နှိပ်ပါ




Agent 47 ( 2015 )မြန်မာစာတန်းထိုး



Agent 47 ( 2015 ) မြန်မာစာတန်းထိုးရုရှားအေးဂျင့်ကတုံးမင်းသားအက်ရှင်ဇတ်ကြမ်း HD ရုပ်သံအကြည်

ဇာတ်ကားကြည့်ရန်နှိပ်ပါ







MUNNA BHAI.... M.B.B.S - မြန်မာစာတန်းထိုး



MUNNA BHAI.... M.B.B.S - မန်မာစာတန်းထိုး

ဇာတ်ကားကြည့်ရန်နှိပ်ပါ




Railroad Tigers (2016) - IMDb (မြန်မာစာတန်းထိုး)




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Railroad Tigers (2016) - IMDb (မြန်မာစာတန်းထိုး)

ဂျက်ကီရဲ့စတိုင် ဟာသအက်ရှင် ပြန်လာပါပြီ။ ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်(ဂျက်ကီချန်း) တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။ တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။ (တစ်ကယ်တော့ အဲဒီတံတားဟာ ၁၉၄၂ ကာလမှာ တိုင်ကျင်းကနေ နန်ကျင်းကိုသွားတဲ့ အဓိက စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ဖျက်ဆီးနိုင်ခဲ့ရင် ဂျပန်တွေရဲ့တိုက်ခိုက်နိုင်စွမ်းအတော်ကို ကျဆင်းသွားမှာ ဖြစ်လို့ တရုတ်တပ်တွေက ဖောက်ခွဲဖို့ကြိုးစားခဲ့တာပါပဲ) အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ…. Credit. by channelmyanmar


ဇာတ်ကားကြည့်ရန်နှိပ်ပါ




Air Force One (1997) - IMDb (မြန်မာစာတန်းထိုး )






ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Air Force One (1997) - IMDb (မြန်မာစာတန်းထိုး )


ဒီတစ်ခါ တင်ဆက်ပေးမယ့် တကယ့် Old but Gold တစ်ခုကတော့ Air Force One ပဲ ဖြစ်ပါတယ်။ ၁၉၉၇ က ထွက်ရှိခဲ့တဲ့ ဒီကားဟာ လာမယ့် ၂၀၁၇ မှာ ဆယ်နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ ဆယ်နှစ်သက်တမ်းရှိတဲ့ ဒီကားကို မကြည့်ဖူးသေးတဲ့သူတွေက ခေတ်မမီဘူးထင်မယ်ဆို အမှားကြီးမှားသွားပါလိမ့်မယ်။ လေယာဉ်ပေါ်မှာ သမ္မတကို ပြန်ပေးဆွဲတဲ့ကား ဆိုပြီး ရန်ကုန်က ရုပ်ရှင်ရုံမှာ လနဲ့ချီပြီး ၀င်ငွေစံချိန်ချိုးခဲ့တဲ့ ဒီကားဟာ ကမ္ဘာအနှံ့က Box Office မှာ ဒေါ်လာ ၃၁၅ သန်းကျော်နဲ့ ယနေ့တိုင် နာမည်ကြီးနေဆဲပါ။ Rating ကပ်စီးနည်းလွန်းလှတဲ့ ရုပ်ရှင်ဂုရုကြီး ရော်ဂျာအက်ဘာ့တ်ကတောင် “သူ လူတွေကို ကယ်မကယ်တော့ မပြောတတ်ဘူး။ ရုပ်ရှင်လောကကိုတော့ ကယ်သွားတာပဲ” လို့ ရယ်စရာ ပြောလိုက်ပါသေးတယ်။ ဇာတ်လိုက်ကျော်သမ္မတက အင်ဒီယာနာဂျုံးစ်ရုပ်ရှင်တွေနဲ့ စွန့်စားခဲ့တဲ့ ဟယ်ရီဆင်ဖို့တ် တဲ့ဗျာ။ ဗီလိန် ဂယ်ရီ အိုးမင်းက ဘယ်သူလဲဟုတ်လား။ ဟယ်ရီပေါ်တာထဲက ဆီးရီးရပ်စ် ဘလက်လေ။ ဒါရိုက်တာ မကောင်းမှာ စိုးလို့လား။ အင်းလေ ဘရက်ပစ်ပါတဲ့ TROY ကို ရိုက်တဲ့ ဒါရိုက်တာလို့ မပြောတော့ပါဘူး။ ကဲ ဘာကျိနာလဲ ဒေါင်းတော့လေ။ Translate by:Phyo Ko Ko Review & Encode by: Waiyan Philip Credit by goldchannelmovie


ဇာတ်ကားကြည့်ရန်နှိပ်ပါ





WARRIORS OF THE RAINBOW - မြန်မာစာတန်းထိုး




WARRIORS OF THE RAINBOW - မြန်မာစာတန်းထိုး


ဇာတ်ကားကြည့်ရန်နှိပ်ပါ




Act of Valor (2012) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ
Act of Valor (2012) မြန်မာစာတန်းထိုး

၂၀၁၂ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Mike McCoy နဲ့ Scott Waugh တို့က ရိုက်ကူးခဲ့ပါတယ်။ အမေရိကန် Navy SEALs တပ်ဖွဲ့ကို နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ ထူးခြားချက်များစွာ ရှိနေပါတယ်။ ပထမတစ်ချက်ကတော့ Navy SEALs တပ်ဖွဲ့ဝင်တွေ ရဲ့ လှုပ်ရှားမှုကို Navy SEALs တပ်ဖွဲ့ဝင်တွေကို ကိုယ်တိုင် သရုပ်ဆောင် စေခဲ့တာပါ။ နောက်တစ်ချက်ကတော့ ရိုက်ကူးမှု အများစုဟာ ဆက်တင်ဆင်ပြီး ရိုက်ကူးခဲ့တာမဟုတ်ဘဲ ပြင်ပမှာ အမှန်တကယ်လှုပ်ရှားနေတဲ့ စီမံချက်တွေထဲ ဝင်ရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ကင်မရာ အသုံးပြုမှုအပိုင်းမှာလည်း ထူးခြားမှုရှိခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ ပုံမှန်အသုံးပြုနေကျ ကင်မရာတွေကို မသုံးဘဲ Canon EOS 5D Mark II ကင်မရာတွေကို အသုံးပြုခဲ့ပါတယ်။ ရိုက်ကူးရေးသမားတွေဟာ Navy SEALs တပ်ဖွဲ့ဝင်တွေနောက်ကို Canon EOS 5D Mark II ကင်မရာတွေနဲ့ လိုက်ပါရိုက်ကူး ပြီး လှုပ်ရှားမှုမှန်သမျှကို ရယူခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုကို ၂၀ဝ၇ ခုနှစ်မှာ စခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှု စချိန်ကတည်းက Navy SEALs တပ် ဖွဲ့ဝင်တွေနဲ့ အနီးကပ်ဆုံးနေထိုင်ပြီး ဖန်တီးမှုစခဲ့တာပါ။ နာမည်ကျော် သရုပ်ဆောင်တွေကို အသုံးမပြုခဲ့တဲ့ အပြင် ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ Navy SEALs တပ်ဖွဲ့ဝင်တွေရဲ့ နာမည် ကို မှတ်တမ်းတင်ခြင်း မပြုခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ Navy SEALs တပ်ဖွဲ့ အတွက် တပ်သားသစ် စုဆောင်းရေးမှာ အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိခဲ့ပါတယ်။ ဇာတ်ကားရဲ့ အဖွင့်ပိုင်းကို Navy SEALs တပ်ဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် Dave ရဲ့ နောက်ခံစကားပြောနဲ့ စခဲ့ပါတယ်။ သားဖြစ်သူရဲ့ သူငယ်ချင်းကို ပြန်ပြောဟန်နဲ့ ပြောနေခဲ့တာပါ။ မူးယစ်ဆေးဝါး အ ကြောင်း၊ စွမ်းရည်သတ္တိ၊ ဂုဏ်ပြုခံထိုက်ဖို့ အတွက် စည်းမျဉ်းစည်းကမ်းတွေ အစရှိ တာတွေကို ပြောခဲ့ပါတယ်။ နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခုကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သံအမတ်၊ သူ့ရဲ့သား၊ နောက်ပြီး ဒါဇင်ချီတဲ့ကလေးတွေ အကြမ်းဖက်တိုက် ခိုက်ခံရတဲ့ ဇာတ်ဝင်ခန်းကို ပြခဲ့ပါတယ်။ ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်း ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးကုန်တာပါ။ ဒီတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူကAbu Shabal ဆိုတဲ့ ချေချင်ညာ အကြမ်းဖက် သမားတစ်ဦးဖြစ် ပီး ရုရှနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားသူ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ အကြမ်းဖက်သမား၊ မူးယစ်ရာဇာစတဲ့ ဇာတ်ကောင်တွေပေါ်လာခဲ့ပြီး သူတို့နောက် ကို CIA က နောက်ယောင်ခံခဲ့ပါတယ်။ စစ်ဆင်ရေး အပိုင်းကို Navy SEALs တပ်ဖွဲ့ဝင်တွေက ဘယ်လို တာဝန်ယူခဲ့ကြတယ် ဆိုတာကို ဒီဇာတ်ကားမှာ တွေ့ရမှာပါ။


ဇာတ်ကားကြည့်ရန်နှိပ်ပါ






Europa Report (2013) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ


Europa Report (2013) မြန်မာစာတန်းထိုး

IMDb Rating 6.5 ရရှိထားပြီး သိပ္ပံ ဗဟုသုတ ရခြင်တဲ့သူတွေ စကြ၀ဠာကြီးကိုစိတ်ဝင်စားတဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး တကားကိုတင်ပေးလိုက်ပါတယ် Europa Project ရဲ့ CEO ဒေါက်တာUnger ဟာ ဂျူပီတာဂြိုလ်ရယ် လ ရယ် ဆက်စပ်မှုနဲ့ အတူ သက်ရှိတွေကို ဖြစ်တည်မှုဆက်စပ်နေမှုကိုပါ လေ့လာဖို့ ဆန္ဒရှိနေသူတစ်ဦးဖြစ်ပြီး တစ်နေ့မှာ Space Ship တစ်စီးကို လေ့လာဖို့အတွက်လွတ်လိုက်ပါတယ် ဒီလိုနဲ့ လေ့လာပြီး ၆လအကြာမှာ မုန်တိုင်းတစ်ခုနဲ့တိုးမိပြီး အာကာသယာဉ်ဟာ ချို့ယွင်းသွားခဲ့ပါတယ် အင်ဂျင်နီယာ ၂ယောက်ဖြစ်တဲ့ Blok နဲ့ Corrigan ဟာ ချို့ယွင်းမှုကိုပြင်ဆင်ဖို့ကြိုးစားခဲ့ကြပြီး သူတို့ ၂ယောက်က ပြင်ဆင်နိုင်ခဲ့လား ဘယ်လိုတွေများဆက်လက်ကြုံတွေ့ကြရမလဲဆိုတာကို ဆက်လက်ကြည့်ရှူရမှာပါ Martian ကိုကြိုက်နှစ်သက်မိရင် ဒီကားကိုလဲ ကြိုက်ကြလိမ့်မယ်ဆိုတာ ရဲရဲကြီးအာမခံလိုက်ပါရစေတော့ဗျာ။ Credit by www.channelmyanmar.org


ဇာတ်ကားကြည့်ရန်နှိပ်ပါ






Black Hawk Down (2001) - မြန်မာစာတန်းထိုး



ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Black Hawk Down (2001) - မြန်မာစာတန်းထိုး

ဒီရုပ်ရှင်ဟာ အမေရိကန်အစိုးရက အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဆိုမာလီယာကိုလွှတ် ။ အစိုးရကို တည်ငြိမ်မှု ပျက်ပြားစေပြီး ငတ်မွတ်နေတဲ့လူထုအတွက် အစားအသောက်နဲ့ လူသားချင်းစာနာမှုအထောက်အကူပစ္စည်းတွေ ပေးပို့ကူညီခဲ့တဲ့ ၁၉၉၃ ကိုအခြေခံပါတယ်။ စစ်သားတွေကိုမြေပေါ်ကိုချဖို့ ဘလက်ဟော့ခ် ရဟတ်ယာဉ်တွေကို နှိမ့်ပျံပြီး ဆင်းသက်နေချိန်မှာ ဆိုမာလီယာတပ်ဖွဲ့တစ်ခုက မမျှော်လင့်ပဲ တိုက်ခိုက်ရာက ရဟတ်ယာဉ်နှစ်စီး ပျက်ကျခဲ့တယ်။ အဲ့ဒီကစလို့ အမေရိကန်စစ်သားတွေဟာ ပြင်းထန်တဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကိုကြံ့ကြံ့ခံရင်း ဘက်ညီမှုကို ရရှိဖို့ ပြန်လည်ကြိုးစားရပါတော့တယ်။


ဇာတ်ကားကြည့်ရန်နှိပ်ပါ




အီရှန် ကုလားကား - မြန်မာစာတန်းထိုး



အီရှန် ကုလားကား - မြန်မာစာတန်းထိုး


ဇာတ်ကားကြည့်ရန်နှိပ်ပါ







The Mermaid (2016 film) တရုတ် ရေသူမလေးကား မြန်မာစာတန်းထိုး ( အစ ဆုံး )




The Mermaid (2016 film) တရုတ် ရေသူမလေးကား  မြန်မာစာတန်းထိုး  ( အစ ဆုံး )


ဇာတ်ကားကြည့်ရန်နှိပ်ပါ




Heroine Disqualified(2015) - မြန်မာစာတန်းထိုး



Heroine Disqualified(2015) - မြန်မာစာတန်းထိုး
ဂျပန် အချစ် အလွမ်း ( အစ ဆုံး )

ဇာတ်ကားကြည့်ရန်နှိပ်ပါ




Lost River (2014) သဲထိပ် ရင်ဖို သရဲကား မြန်မာစာတန်းထိုး ( အစ ဆုံး )


Lost River (2014) သဲထိပ် ရင်ဖို သရဲကား ( အစ ဆုံး )


ဇာတ်ကားကြည့်ရန်နှိပ်ပါ





Ong-Bak 3 မြန်မာစာတန်းထိုး ( အစ ဆုံး )




Ong-Bak 3 မြန်မာစာတန်းထိုး  ( အစ ဆုံး )

ဇာတ်ကားကြည့်ရန်နှိပ်ပါ






Ong-Bak 2 မြန်မာစာတန်းထိုး ( အစ ဆုံး )



Ong-Bak 2 မြန်မာစာတန်းထိုး  ( အစ ဆုံး )


ဇာတ်ကားကြည့်ရန်နှိပ်ပါ





Baby and Me (2008) မြန်မာစာတန်းထိုး



Baby and Me (2008) မြန်မာစာတန်းထိုး
ကိုးရီးယား ဟာသ အစ အဆုံး

ဇာတ်ကားကြည့်ရန်နှိပ်ပါ