မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label ဆေးမီးတိုနှင့်ဆေးဖက်ဝင်အပင်များ. Show all posts
Showing posts with label ဆေးမီးတိုနှင့်ဆေးဖက်ဝင်အပင်များ. Show all posts

Friday 5 February 2016

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်






















ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်
━━━━━━━━━━━━━━━━━━━━━━━━━━
ကျောက်ကပ်ဝေဒနာ ခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခု ဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီ ခံရသော ရောဂါပါ ။ ကျောက်ကပ်ဆေး နေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။ အချိန်အခိုက်အတန့် တခုသာ ထိန်းထားနိုင်ပြီး မရဏ မင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ ထို့ကြောင့် ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက် ကင်း၍ နာတာရှည် ခံစားနေရသူ များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာ စေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။ သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလ အတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင် မသေးပါနှင့်။ ကမ္ဘာ ပေါ်တွင် နံမည်ကြီး နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက် နိုင်ငံများတွင်ပင် ဘေးထွက် ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥ သစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရ နေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ငါး မရောပါနှင့်၊ ရောဂါမရှိသေးသူများ သောက်ပါက ဆီးကောင်းစေပြီး၊ ယောက်ျားများ အတွက်၊ ယောက်ျားပီသ စေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက်ခပ်၍ ရေနွေးသောက်သလို သောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။ သွေး တိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက် ကပ် နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ ဖြေးဖြေး သက်သာလာပါမည်။
၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရပါမည်။

ဆင်ခြေထောက်ရောဂါအတွက် ဆေးနည်း


















ဆင်ခြေထောက်ရောဂါအတွက် ဆေးနည်း

အခုတလော မြန်မာပြည်က ဆေးရုံဆေးခန်းနဲ့ဝေးလံတဲ့ တောရွာတွေမှာ ဆင်ခြေထောက်ရောဂါဟာ တကျော့ပြန် ဖြစ်လာနေကြပြီလို့ ကြားသိရပါတယ်။
ဆင်ခြေထောက်ရောဂါဟာ တတိယမြန်မာ-အင်္ဂလိပ်စစ်ပွဲ မဖြစ်ခင် ၁၈၇၇ လောက်ကတည်းက မြန်မာနိုင်ငံမှာ စတင်ဖြစ်ပွါးခဲ့ပြီး အမြစ်တွယ်နေခဲ့တာ ယခုချိန်အထိ ကျန်ရှိနေပါသေးတယ်။
ဆင်ခြေထောက်ရောဂါဟာ ခြင်ကိုက်ရာကနေ ကူးစက်ဖြစ်သွားတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခြင်နှစ်မျိုးထဲက တစ်မျိုးဟာ ငှက်ဖျားရောဂါကို ဖြစ်စေပြီး နောက်တစ်မျိုးကတော့ ဆင်ခြေထောက်ရောဂါကို ဖြစ်ပွါးစေပါတယ်။
ဆေးရုံဆေးခန်းများမှ ကာကွယ်ဆေးထိုးပေးနေပြီး ရောဂါကိုလည်း ကုသပေးလျှက်ရှိပါတယ်။ သို့သော် ဆေးရုံဆေးခန်းနဲ့ဝေးကွာပြီး အခက်အခဲရှိသူများအတွက် အလွယ်တကူ ကုသနိုင်တဲ့ ဆေးနည်းကို သိမ်ဖြူဆရာတော် အရှင်နာဂသိန်မထေရ် ရေးသားထားတဲ့ အစွမ်းထက်သော မြန်မာ့ဆေးကျမ်းများထဲမှ ဆရာဝရဇိန်မင်း တင်ပေးခဲ့တဲ့ပို့စ်ကို အများပြန်လည်ဖတ်ရှုနိုင်အောင် ရေးသားမျှဝေပေးလိုက်ပါတယ်။
လိမ်းဆေး
(၁) မရိုးပင်၏အမြစ်ကို ထောပတ်နှင့် ဆတူရောကြိတ်၍ ခပ်ပြစ်ပြစ်လေး အနာပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။
သောက်ဆေး
(၁) မရိုးရွက်နှင့် သိန္ဓောကို ဆတူရော၍ မြေအိုးထဲကို ထည့်၊ အဖုံးပိတ်၊ မီးကျွမ်းအောင် ဖုတ်ပါ။
(၂) ၄င်းမီးဖုတ်ထားသောပြာကို ဒိန်ချဉ်နှင့် ရောစပ်၍ တစ်နေ့ ၂ ကြိမ် သောက်ပါ။
လူသားတိုင်း ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - ဆရာဝရဇိန်မင်း

ကင်ဆာရောဂါမှ အသက်ချမ်းသာရာရရှိခဲ့သူ အမျိုးသမီးမှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း
























ကင်ဆာရောဂါမှ အသက်ချမ်းသာရာရရှိခဲ့သူ အမျိုးသမီးမှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း
````````````````````````````````````````````````````````````````````````
Bosnia and Herzegovina နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေဖို့ စိတ်အားထက်သန်တဲ့ သူမက သူမအား အသက်ချမ်းသာရစေခဲ့တဲ့ ဆေးနည်းကို ထပ်ဆင့် ဝေမျှခဲ့တယ်။ ဒီဝေဒနာ ရင် ဆိုင်ခံစားနေရတဲ့ အခြားလူနာတွေ အကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။
ယင်းဆေးနည်း ဖော်စပ်ဖို့ ရိုးရှင်းလွယ်ကူပြီး ချင်းနဲ့ ပျားရည်ကိုသာ လိုအပ်ပါ တယ်။ ဒီဘော့စ်နီးယမ်း အမျိုးသမီးကတော့ သူမရဲ့ကင်ဆာရောဂါကို ချေမှုန်း ပေးနိုင်တဲ့ တစ်ခုတည်းသော ဆေးနည်းဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါ တယ်။
သူမ endocrine ကင်ဆာရောဂါ ခံစားခဲ့ပြီး ဆေးရုံမှာ အထူးစက်ကိရိယာ အ ပြည့်အစုံနဲ့ ၃ ပတ်ကြာ ကုသနေစဉ် ရောဂါအခြေအနေ ဆိုးဝါးလာခဲ့ပါတယ်။ ဒီဆေးနည်းက ခွဲစိတ်ကုသူမှု သို့မဟုတ် ဓာတ်ကင်လုံးဝလုပ်စရာမလိုပဲ အသက် ချမ်းသာ ရရှိစေခဲ့ပါတယ်။
ချင်းတက်အကြီးနှစ်ခု အခွံလှီးထုတ်ပြီး ကြေညှက်နေအောင် ထောင်းပါ။ နောက် ပျားရည် ကီလိုဝက်လောက်နဲ့ ရောပေး ရပါမယ်။ယင်းဖော်စပ်ထားတဲ့ ဆေးကို ခရားတစ်ခုထဲ သိမ်းထားပြီး တစ်နေ့ကို လက်ဖက်ရည်ဇွန်း (၄) ဇွန်း သောက်ပေး ရပါမယ်။ သတိထားရမယ့် အချက်က သံမဏိဇွန်း လုံးဝမသုံးဘဲ ပလပ်စတစ် သို့မဟုတ် ကြွေထည်မြေထည်ဖြင့် ပြုလုပ်တဲ့ ဇွန်းတွေကိုသာ သုံး ပေးရပါမယ်။
(၃) ရက်အတွင်း တိုးတက်မှု လက္ခဏာ စတင်တွေ့ရှိရပါလိမ့်မယ်။

ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ကျောက်သင်ပုန်းဖျက်ရွက်






















ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ကျောက်သင်ပုန်းဖျက်ရွက်

ယခုပုံမှာ မြင်နေတဲ့ ဒီအပင်ဟာ ကျောက်သင်ပုန်းသုတ်ရွက်ပင် ဖြစ်ပါတယ်။ နတ်သမီးကွမ်းရွက်၊ နတ်သမီးကွမ်းတံတွေးပင်၊ ရေကြည်ပင် စသဖြင့် နေရာဒေသအပေါ်မူတည်ပြီး အခေါ်အဝေါ်များ ကွဲပြားကြပါတယ်။ ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကို ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။
ဒီအပင်မှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidants ပါဝင်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီး ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါဝင်ပါတယ်။
ဒီအပင်ဟာ ဆေးဖက်ဝင်အပင်ဆိုတာ သိလာကြတဲ့အတွက် ထိုင်းနိုင်ငံမှာတော့ အစိမ်းသုပ်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ တို့စရာအဖြစ် စားသုံးခြင်း၊ ဟင်းရည်ချက်၍ သောက်ခြင်းများကို ပြုလုပ်ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့ ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် ဒီအပင်ကို သုပ်စားခြင်း၊ ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။
ဆေးအဖြစ် အသုံပြုပုံများ-
(၁) ရင်သားကင်ဆာရောဂါအတွက် အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင် သက်သာပျောက်ကင်းစေပါသည်။
(၂) ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမ်ျိုး၊ အနာစိမ်း၊ ပြည်တည်၊ ၀က်ခြံနာ၊ အရေပြားရောဂါအမျိုးမျိုးတို့အတွက် အရွက်ခပ်သန့်သန့်ကို ကျိတ်၍ အနာပေါ် အုံပေး၊ လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။
(၃) ရေရုံရောဂါအတွက် အပင်၊ အရွက်၊ အပွင်စတဲ့ တပင်လုံးကို နနွင်း၊ ဆန်စေ့အနည်းငယ်တို့နှင့်အတူ ရောထောင်း၍ ရေရုံနာပေါ်ကို တစ်ညခန့် အုံပေးပါက သက်သာပျောက်ကင်းစေပါသည်။
(၄) ၀က်ခြံ၊ တင်းတိပ်များအတွက် ပဉ္စငါးပါးလုံးကို ပြုတ်၍ ၄င်းဆေးပြုတ်ရည်ကို မနက်တိုင်း မျက်နှာသစ်ပေးပါက သက်သာပျောက်ကင်းစေပါသည်။
(၅) ဒူလာရောဂါ၊ အဆစ်မြစ်ရောင် ဂေါက်ရောဂါများအတွက် ၄င်းအရွက်ကို ရေစင်အောင်ကြောကာ သုပ်စားခြင်း၊ ပြုတ်စားခြင်း၊ တို့စာခြင်းများ ပြုလုပ်ပေးပါက ရောဂါကို သက်သာပျောက်ကင်းစေပါသည်။
(၆) မျက်စိနာ၊ မျက်စိတိမ်ဖြစ်ခြင်းတို့အတွက် ဒီအရွက်ကို လက်တစ်ဆုပ်ခန့် သန့်သန့်လေးဖြစ်အောင် ဆေးကြောပြီး အရည်ညစ်ယူကာ မျက်စိကို အနည်းငယ်စီ တစ်နေ့ ၂ ကြိမ် ခပ်ပေးပါက မျက်စိနာနဲ့ မျက်စိတိမ်များ ပျောက်ကင်းပါတယ်။
(၇) ကြွက်နို့ပေါက်သူများအတွက် အပင်ကို အရည်ညစ်၍ ကြွက်နို့ပေါ်ကို ၄င်းအရည်ဖြင့် မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်ကို အုံထားပေးပါ။ ကြွက်နို့များ အံ့သြစွာ ပျောက်ကင်းသွားပါလိမ့်မည်။

ကိုးကား ။ ။ မြန်မာ့ဆေးမြီးတိုများ၊ ဘီဘီစီ ၀င်းမြင့်

ခွေးရူးကိုက်တဲ့အခါ ကြက်ဟင်းခါးရွက်နဲ့ ကုမယ်






















ခွေးရူးကိုက်တဲ့အခါ ကြက်ဟင်းခါးရွက်နဲ့ ကုမယ်

ခွေးရူးကိုက်ခြင်းဟာ အလွန်အန္တရာယ်ကြီး ပါတယ်။ ဒီအတွက် ငွေးကြေးအကုန်အကျ သက်သာစေရုံသာ မကဘဲ အစွမ်းလည်း ထက်တဲ့ ကြက်ဟင်းခါး
ရွက်နှင့် ကုသတဲ့ နည်းလမ်းလေး တွေကို မျှဝေပေးလိုက် ရပါတယ်။
အဲဒါကတော့ ခွေးရူးကိုက်တဲ့ နေရာကို ကြက်ဟင်းခါး ရွက်ကို အုံးပေးလိုက်ပါ။ သတိထားရမည့် အချက်က ကြက်ဟင်းခါးရွက်ကို ကြိတ်ဖို့လိုပါတယ်။
ကိုက်ခံရတဲ့ နေရမှာ ကြက်ဟင်းခါးရွက်၏ အရည်ကိုလည်း ညစ်ပြီး ထည့်နိုင်ပါတယ်။
နောက်တစ်နည်း ကတော့ ကြက်ဟင်းခါးရွက် အရည်ကို သောက်ပေးခြင်း အားဖြင့်ရောဂါ ပျောက်ကင်း စေနိုင်ပါတယ်။

မြန်မာဆေးနည်းများ

ငါးအရိုးမျက်ခြင်းအတွက် ဆေးမြီးတိုနည်းများ

















ငါးအရိုးမျက်ခြင်းအတွက် ဆေးမြီးတိုနည်းများ
********************************
ငါးအရိုးမျက်လျှင် အတော်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်။
အဲဒါကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူပြုလုပ်နိုင်မယ့် အိမ်တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်။ ကိုယ်နဲ့အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ်။
(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စားသွားပေလိမ့်မည်။
(၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ် အဆင်ပြေပါသည်။
(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည် အချွဲများနှင့်အတူ ကျသွားမည်။
(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်း ပျောက်ကင်းသွားလိမ့်မည်။
(၅) ဇီးဖြူသီးကို အလုံးလိုက် ၀ါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်။
(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်။
(၇) သံလွင်ဆီအနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်။
(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၄င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်။
(၉) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်။
သတိပြုရန် -
ငါးရိုးမျက်နေစဉ် လည်ချောင်းအပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်ပါနှင့်။

စောနွဲ့ နေဆိုင်(ခမ်းတီလုန်)

ကိုးကား - ရိုးရာဆေးမြီးတိုများ

ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း






















ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း

မိန်းမမှာမီး ယောကျာ်းမှာဆီး ဆိုသည့်စကားအတိုင်း အမျိုးသမီးတို့အတွက် မီးနေချိန်သည် အလွန်အရေးကြီးသလို အမျိုးသားများအတွက် ဆီးရောဂါသည် အလွန်အရေးကြီးလှပါသည်။
ဆီးနှင့်ပတ်သက်သော ရောဂါများမှာလည်း အမျိုးမျိုးရှိနေပါသည်။ ဆီးကျောက်တည်ခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ဆီးကျောက်တည်သူများအတွက် သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါသည်။

ဆေးနည်း(၁)
(၁) ကြက်သွန်နီဥ အလယ်အလတ်တစ်လုံးကို အခွံခွါပါ။
(၂) လေးစိတ်(သို့) ရှစ်စိတ်ဖြစ်အောင် ခွဲလိုက်ပါ။
(၃) ရေကျက်အေး(သို့မဟုတ်) ရေသန် မတ်တစ်ခွက်ထဲကို ထည့်၍ အဖုံးအုပ်ပြီး စိမ်ထားပါ။
(၄) တစ်နာရီခန့်စိမ်ပြီးလျှင် ၄င်းကြက်သွန်နီဥစိမ်ရေကို ကုန်အောင်သောက်ပါ။
ဆီးများသွားသည့်အခါ အနယ်ထိုင်နေသောကျောက်များ ပါသွားစေလိမ့်သည်။
ဆေးနည်း(၂)
သိန္ဓော+ဆားပုပ်+ဇ၀က်သာတို့ကို မန်ကျည်းစေ့ခန့်ဖြင့် မြင်းခွါရွက်ပြုတ်ရည်နှင့် ညအိပ်ခါနီး သောက်ပါ။ ကျောက်များကို ကြေစေ၍ မနက်ဆီးသွားသည့်အခါ ပါသွားပါလိမ့်မည်။
ဆီးကျောက်တည်ခြင်းဝေဒနာကို ခံစားနေရသောဝေဒနာရှင်များအတွက် ဒီပို့စ်လေးကို Share ပေးခြင်းဖြင့် ကူညီပေးနိုင်ကြပါတယ်။
ရောဂါဝေဒနာများ သက်သာပျောက်ကင်း၍ အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)

ကျမ်းကိုး ။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ

လေဖြတ်ရောဂါအတွက် ဆိပ်ဖူးပင်



















လေဖြတ်ရောဂါအတွက် ဆိပ်ဖူးပင်
----------------------------------------
ယခုပုံထဲမှာ မြင်နေရတဲ့အပင်ကတော့ ဆိပ်ဖူးပင် ဖြစ်ပါတယ်။
ဆိပ်ဖူးပင်ဟာ ဆေးဖက်ဝင်သည့် အပင်တစ်မျိုး ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးများမှာလည်း
ဆိပ်ဖူးကို ထည့်သွင်း အသုံးပြုထားကြပါသည်။ အချိုပင်နှင့် အချဉ်ပင် နှစ်မျိုးစလုံး သုံးနိုင်ပါသည်။
ဆေးသုံးစွဲနည်း
------------------
၁။ ဆိပ်ဖူးပင်၏ ဥကို ထောင်းပြီးလျှင် ထန်းလျှက်ရည်နှင့် တစ်နေ့ ၃ ကြိမ်ဖြင့် တစ်လခန့် သောက်ပေးပါက လေဖြတ်ဝေဒနာသည်များ အကောင်းအတိုင်း ပြန်ဖြစ်လာပါသည်။
၂။ ဆိပ်ဖူး၊ မျှစ်၊ ပုဇွန်တို့ကို အတူလုံး၍ ရွဲယိုရွက်ဖြင့် ထုပ်ကာ ချက်စားနိုင်ပါသည်။
၃။ ဆိပ်ဖူးကို ပုဇွန်ခြောက်နှင့်အတူကြော်၊ ကျက်ခါနီး ဆန်မှုန့်ရေဖြော်ပြီးထည့်၊ ကျက်သွားအောင်ထပ်ကြော်ပြီး စားသုံးလျှင် အလွန်အရသာရှိပါသည်။
၎။ ဆိပ်ဖူးကို မှိုနှင့်အတူ ချက်စားလျှင် အဆိပ်တောက်များကို ပြေစေပါသည်။
၅။ ဆိပ်ဖူးကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါသည်။ ငရုတ်သီးနှင့်အတူ ထောင်းစားနိုင်ပါသည်။
ဆိပ်ဖူးပင်သည် မိုးတွင်းမှာ အဖူး ဖူးပါသည်။ ၄င်းဆေးပင်ကို မွန်ပြည်နယ်၊ ထီးလင်း၊ သိမ်ဇရပ်နှင့် အချို့မြို့များမှာ ရနိုင်ပါသည်။ ဈေးထဲတွင်လည်း မေး၍ ၀ယ်ယူနိုင်ပါသည်။

နေဆိုင် (ပူတာအို) မျှဝေပါသည်။

ကိုးကား ။ ။ U Zin U Zin , တိုင်းရင်းဆေးနည်းများ

လောက်သေရွက်ကို H I V AIDS ရောဂါနှင့်ပါတ်သက်ပြီး



































လောက်သေရွက်ကို H I V AIDS ရောဂါနှင့်ပါတ်သက်ပြီး
ဆေးရုံလက်လျှော့ သေခါနီးဆဲဆဲလူ
နာအား လဘက်ရည်ဇွန်းဖြင့် ဘိစပ်
ရွက် အရည်အား မနက်တဇွန်း။ည
နေတဇွန်း တိုက်ခဲ့ရာ လုံးဝပျောက်
ကင်းသွားကြောင်း ဆရာကြီးသာဂဒိုး
မှ ကိုယ်တွေ့ ဖေါ်ပြထားခြင်းကို
FB တွင်တင်ပေးခဲ့ပါသည်။
HIV နှင့်ပါတ်သက်၍
ဝန်ထမ်းတဦးအလုပ်မှအထုတ်
ခံရပြီးနောက် မိမိသဘောဖြင့်လောက်
သေအရွက် လက်တဆုပ်စာကို ကြို
ပြီး ရေငတ်တိုင်း ဆေးပြုတ်ရည်သာ
သောက်ခဲ့သည်။
သုံးလကြာမှာဆေးပြန်စစ်
တော့ ဘယ်အချိန်ကပျောက်နေမှန်း
မသိ ရောဂါပျောက်ကင်းနေသည်ကို
တွေ့ရသည်။FB တွင်တင်ပြခဲ့သည်။
ယခုအကြောင်းအရာမှာ
နောက်လမှ ရေးရန်ဖြစ်သော်လည်း
လောက်သေပင်ရှားပါးချိန်ဖြစ်မည်
စိတ်ဝင်စားသူများအတွက် စောလေ
ကောင်းလေ ဖြစ်လို့ပါ။
လောက်သေရွက်နှင့်ပါတ်ပြီး
မေးမြန်းသူများအထဲမှ အဓိက အ
ကြောင်းအရာမှာ
၁။ ကိုယ်ဝန်ဆောင်ထားသူများ
သောက်လို့ ရပါသလား။
ကလေးထိခိုက်မည်စိုး၍
မသောက်ရပါဟုဖြေခဲ့သည်။
၂။ အင်္ဂလိပ်ဆေးနှင့်တွဲသောက်၍
ရပါသလား။ (မေးသူများသည်)
တိတိကျကျမသိ။ပျောက်ခဲ့
သူက ဒီအတိုင်းသောက်ခဲ့တာ
ဖြစ်လို့ မသောက်သင့်ဟုဖြေ
ခဲ့သည်။
အခုပြောမည့်ကိစ္စကယနေ့
ဇန် (၃၀)ရက် အဆက်အသွယ်ရပြီး
ဖေါ်ပြချက်ပါ။
၁။ သူကနိုင်ငံခြားမှာနေသည်။
၂။ HIV ကူးစက်ခံရသည်။
၃။ ပိုးတသန်းရှိသည်။
၎။ ARV ဆေးသောက်နေတာ
တနှစ်ကျော်ပီ။
၅။ ပြီးခဲ့သည့်နှစ်လကျော်က
လောက်သေရွက်ကုနည်းတွေ့။
၆။ မြန်မာပြည်မှ မှာယူပြီးဒီရောက်
တော့ခြောက်စ ပြုနေပီ။
၇။ စဉ်းစားသည်မှာ ARV ကပိုးမ
ပွါးအောင်ဘဲ။ပျောက်အောင်
သောက်မယ်။
၈။ ARV သောက်ချိန်က ည(၈)နာရီ
ပြုတ်ရေကို ရေဆာတိုင်းနေ့စဉ်
၂၇ ၁၂ ၂၀၁၅ မှပြီး
သောက်ခဲ့သည်။
တလပြည့် ချိန် ဆေးပြန်စစ်ရာ
ပိုး တသန်း မှ (၂၅၀ )သာရှိတော့
ကြောင်းတွေ့ရတော့ သူ့ဆရာဝန်က
ဆေးတဲ့သွားပီ။ပျောက်တော့မယ်
ဟုမှတ်ချက်ပြုပါကြောင်း။
ARV ဆေးသောက်နေတာ
တနှစ်ကျော်ပီ။အစောကြီးကတည်းက
ပိုးကောင်ရေလျှော့ပါတော့လား။
ဆေးစစ်တိုင်း တသန်းက မလျှော့ဘူး
ဟု ပြောချင်သော်လည်းမပြောရဲလို့တဲ့
အသိဆရာဝန်ကိုမေးကြည့်
တော့။ အင်္ဂလိပ် ဆေးနဲ့ အရွက်ရည်
အချိန်ခွါသောက်လျှင်ရပါသတဲ့။
မေးမြန်းသူတွေအား အင်္ဂလိပ်
ဆေးနှင့် တွဲမသောက်နဲ့ ဆိုတဲ့ အစား
အချိန် ခွါ သောက်ပေါ့။
ဤအကြောင်းအရာသည်
အမြန်သိစေလိုသဖြင့် ကြားဖြတ်
ရေးသားဖေါ်ပြရခြင်းဖြစ်
ပါကြောင်း။

မြန်မာဆေးနည်းများ


သွေးလွန်းတုပ်ကွေး ရောဂါကို ၂၄ နာရီအတွင်း ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်း



















သွေးလွန်းတုပ်ကွေး ရောဂါကို ၂၄ နာရီအတွင်း ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်း
=====================================

ယခုဖော်ပြမယ့် ဆေးဝါးဟာ လူတိုင်း လူတိုင်း အလွယ်တကူ လုပ်နိုင်မယ့် နည်းလမ်းကောင်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
၎င်းဆေး ဖော်စပ်ဖို့အတွက် လိုအပ်သော ဆေးဝါးကတော့ သင်္ဘောရွက် ဖြစ်ပါတယ်။ ထိုသင်္ဘောရွက်ကို ငရုပ်ဆုံနဲ့ ထောင်းလိုက်ပြီး (သို့မဟုတ်) ကျောက်ပြင်ပေါ်တွင် အရွက်များကို ကြေညက်အောင် ကျိတ်ခြေပြီး ထွက်ရှိလာသော အရည်များကို သွေးလွန် တုပ်ကွေး ဖြစ်နေသော လူနာအား တိုက်ပေး လိုက်ပါ။ ထိုလူနာဟာ ဆေးသောက်ပြီးသည် အချိန်မှ ၂၄ နာရီ အတွင်းမှာ ရောဂါဝေဒနာဟာ သိသိသာသာ သက်သာ လာပြီး လန်းဆန်းလာစေမှာ ဖြစ်ပါတယ်။
သင်္ဘောရွက်၏ အရည်ဟာ ကိုယ်ခန္ဓာအတွင်းရှိ သွေးလွန်တုပ်ကွေး ဖြစ်စေသော ဆဲလ်များကို သန့်စင်ပေးမှာပဲ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံမှ ဒေါက်တာ Marissa Sumera Molawan က ပြောပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်ကို ပုံတွင် ပြထားသည့် အတိုင်း ကြည့်ကာ လုပ်နိုင်ပါတယ်။

အားလုံး အနာရောဂါ ကင်းစင်ပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။


မြန်မာဆေးနည်းများ


လိပ်ခေါင်းရောဂါပျောက်သည့် ဆေးနည်း

















လိပ်ခေါင်းရောဂါပျောက်သည့် ဆေးနည်း

(၁) အင်္ကောလအရွက်ခြောက်ကို အကျွမ်းလှော်၍ ပြာကဲ့သို့ဖြစ်အောင် အမှုန့်ချေထားပါ။
(၂) အင်္ကောလပြာ ၁ ပဲသား၊ ငရုတ်ကောင်း ၂၅ စေ့၊ ဒုတ္ထာမီးဖောက် ၃ ပဲသား၊ ကျောက်ဆေးဒန်း ၁ ပဲသားတို့ကို ရောစပ်၍ ကျောက်ဆုံဖြင့် ညက်နေအောင် ထောင်းထားပါ။
(၃) နှမ်းဆီနှင့် ပျားဖယောင်းတို့ကို သင့်တော်ရုံထည့်၍ ညက်နေအောင် ထပ်ထောင်းပါ။ 
(၄) ၄င်းဆေးကို မြင်းသရိုက် အပြင်လိပ်ဖြစ်သည့်နေရာကို တစ်နေ့ ၂ကြိမ်ခန့် လိမ်းပေးပါ။ 
၎င်းဆေးကို လိမ်းပေးပါက တစ်ပတ်အတွင်းမှာ လိပ်ခေါင်းရောဂါ
ခြောက်သွေ့သွားပြီး ကွာကျသွားကာ ပျောက်ကင်းသွားပါမည်။ သဘာဝဆေးနည်းဖြစ်သည့်အတွက် အနည်းငယ် စိတ်ရှည်ပေးရပါမည်။
(အင်္ကောလဆေးပင်ကို မန္တလေးမြို့ဟောင်း ပုထိုးတော်ကြီးအနီးအနားတွင် များစွာပေါက်နေကြသည်ဟု သိရပါသည်။ လိုအပ်သည့်အခြားဆေးများကို ပရဆေးဆိုင်များတွင် ၀ယ်ယူနိုင်ကြပါသည်)
လိပ်ခေါင်းဝေဒနာကို ခံစားနေရသည့် ဝေဒနာရှင်များအားလုံး အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ကြပါစေ။


ကိုးကား - ဆရာဝရဇိန်မင်း၊ အစွမ်းထက်တိုင်းရင်းဆေးများ