မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label မြန်မာစာတန်းထိုးဇာတ်ကားများ. Show all posts
Showing posts with label မြန်မာစာတန်းထိုးဇာတ်ကားများ. Show all posts

Friday 24 November 2017

Neverland mini series (2017)မြန်မာစာတန်းထိုး




Neverland mini series (2017)မြန်မာစာတန်းထိုး

ဇာတ်ကားကြည့်ရန်နှိပ်ပါ





ဘာဟူဘာလီ အပိုင်း (၁) မြန်မာစာတန်းထိုး



ဘာဟူဘာလီ အပိုင်း (၁) မြန်မာစာတန်းထိုး

ဇာတ်ကားကြည့်ရန်နှိပ်ပါ






Sky on fire (2016)မြန်မာစာတန်းထိုး



Sky on fire (2016)မြန်မာစာတန်းထိုး

ဇာတ်ကားကြည့်ရန်နှိပ်ပါ




Jeepers Creepers (2003)မြန်မာစာတန်းထိုး



Jeepers Creepers (2003)မြန်မာစာတန်းထိုး

ဇာတ်ကားကြည့်ရန်နှိပ်ပါ




Baadshaho (2017) မြန်မာစာတန်းထိုး



Baadshaho (2017) မြန်မာစာတန်းထိုး

ဇာတ်ကားကြည့်ရန်နှိပ်ပါ




Max Stell (2016) မြန်မာစာတန်းထိုး



Max Stell (2016) မြန်မာစာတန်းထိုး

ဇာတ်ကားကြည့်ရန်နှိပ်ပါ




Brick Mansions(2014) မြန်မာစာတန်းထိုး



Brick Mansions(2014) မြန်မာစာတန်းထိုး

ဇာတ်ကားကြည့်ရန်နှိပ်ပါ




UGHTSTREAM |PICTURES 2:22 (2017) မြန်မာစာတန်းထိုး



UGHTSTREAM |PICTURES 2:22 (2017) မြန်မာစာတန်းထိုး


ဇာတ်ကားကြည့်ရန်နှိပ်ပါ




Solomon Kane 2009 (မြန်မာစာတန်းထိုး)




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Solomon Kane 2009 (မြန်မာစာတန်းထိုး)

ဒီတစ်ခါတော့ Solomon Kingဆိုတဲ့ ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ငရဲကို သွားဖို့အတွက် သနားညာတာမှုကင်းမဲ့သူတစ်ယောက်ဟာ အကြမ်းဖက်မှုကို လုပ်ခဲ့ပါတယ်. ကောင်မလေးတစ်ယောက် ပြန်ပေးဆွဲခံရပြီး သူ့မိသားစုဟာ မှော်ဆရာတွေရဲ့ လူသတ်မှုဆိုင်ရာ ယုံကြည်မှုတွေထဲ ကျရောက်နေပါတယ်။ သူဟာ မကောင်းဆိုးဝါးကို ချေမှုန်းဖို့ပေးထားတဲ့ သူ့ဂတိကို ရှာဖွေပြီး တိုက်ခိုက်ဖို့ တွန်းအားပေးခံရပါတော့တယ်။ 2009ခုနှစ်ထွက် dark fantasy action-adventure ဖြစ်ပြီး ပြင်သစ် ဗြိတိန် ဇက် ၃နိုင်ငံပေါင်းကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Michael J. Bassettရိုက်ကူးထားပြီး James Purefoy, Max Von Sydow,Rachel Hurd-Wood နဲ့ Pete Postlethwaiteတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားတစ်ကားဖြစ်ပါတယ် ကုန်ကျငွေ သန်း၄၀နဲ့ရိုက်ကူးထားပြီး သန်း၂၀နီးပါး ပြန်ရထားတဲ့ကားတစ်ကားဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်နှိပ်ပါ





Undisputed 3:Redemption (2010) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Undisputed 3: Redemption (2010) မြန်မာစာတန်းထိုး

ယခင်ဇာတ်ကားမှာ ယူရီဘွိုင်ကာတစ်ယောက်ခြေချိုးခံလိုက်ရပြီးနောက်မှာတော့ အိမ်သာဆေးရင်းနဲ့သာသူ့ရဲ့ထောင်ထဲကအချိန်တွေကို ကုန်ဆုံးနေစေခဲ့ပါတယ်။ထောင်တွင်းပြိုင်ပွဲအတွင်း အနိုင်ရနေတဲ့ချန်ပီယံက ဇောင်းကြွလာတဲ့အခါမှာတော့သူသာလျှင်တကယ့်ချန်ပီယံဖြစ်ကြောင်း ယူရီဘွိုင်ကာတစ်ယောက်သက်သေပြဖို့ကြိုးစားပါတော့တယ် ။ထိုပြိုင်ပွဲမှချန်ပီယံဖြစ်သွားတဲ့အခါ နောက်ထောင်တစ်ခုရဲ့ရှုံးထွက်ပြိုင်ပွဲတစ်ခုကိုပို့ဆောင်ခြင်းခံလိုက်ရတဲ့အချိန်မှာတော့ ဘွိုင်ကာတစ်ယောက်အခက်အခဲပေါင်းများစွာကို စတင်ရင်ဆိုင်ရပါတော့တယ်(ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်နှိပ်ပါ






Undisputed 2: Last Man Standing (2006) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Undisputed 2: Last Man Standing (2006) မြန်မာစာတန်းထိုး

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျော့ဂ်ျအိုက်စ်မန်းချိန်ဘာတစ်ယောက် မူးယစ်ဆေးမှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရပြီး ထောင်ထဲကိုရောက်သွားပါတယ်။ သူရောက်သွားတဲ့ထောင်ကတော့ ထောင်ကြိုးဝိုင်းတွေရဲ့ဘုရင် ယူရီဘွိုင်ကာရှိတဲ့ထောင်ပါပဲခင်မျာ။ စည်းပွားရေးသမားတွေရဲ့ လှည့်ကွက်တွေကြောင့် ယူရီဘွိုင်ကာနဲ့ ချိန်ဘာ သတ်ကွင်းထဲကိုရောက်ရှိလာတဲ့အခါမှာတော့ ….. (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်နှိပ်ပါ






God of War (2017) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ


God of War (2017) မြန်မာစာတန်းထိုး

ဒီတစ်ခါတော့ သမိုင်းနောက်ခံ စစ်ရာဇဝင် ဟောင်ကောင်ကားလေး ကြည့်ရအောင် အဓိက ဇာတ်ဆောင်တွေကတော့ -Vincent Zhou (သွေးသစ္စာဓားက လျဲ့ဖုန်းပါ၊ ထိုက်ကျိမင်းသားကြီးဆိုလည်း ဟုတ်တာပေါ့) -Sammo Hung (လားလား ဘယ်သူမှတ်တုံး ဂျက်ကီချန်းဘော်ဒါကြီး ဟုတ်ကျင်းပေါင်ပေါ့) -Yasuaki Kurata (So Close ရဲ့ဗီလိန်ကြီးလေ၊ ဒီဂျပန်ဘီးဂျဲက နယ်နယ်ရရမဟုတ်ဘူးနော်၊ ကရာတေးသတ္တမအဆင့်၊ ဂျူဒို တတိယအဆင့်၊ အာခီဒို ဒုတိယအဆင့်တဲ့ဗျ) ဇာတ်လမ်းက ၁၅၅၇ ခုနှစ် ဆိုတဲ့ အချိန်ကာလကို timeline ယူထားပါတယ် (တို့ဆီမှာတော့ ကုန်းဘောင်ခေတ်နှောင်းပေါ့) အဲဒီခေတ်ဆိုတော့ အာရှတစ်လွှားမှာ နေမင်းရဲ့အနွယ်တော်ဆိုတဲ့ နိပွန်တွေ ချိုထောင်နေချိန်ပေါ့၊ ဒင်းတို့က သူတို့တိုင်းပြည် ကာကွယ်ရေးအသုံးစရိတ်အတွက် သူများတိုင်းပြည် ရေပိုင်နက်ထဲဝင် သူများလူမျိုး သင်္ဘောမှန်သမျှ ဓားပြတိုက်ပြီး ဘဏ္ဍာရှာသတဲ့ (တကယ့်အဖြစ်အပျက်နော်) အဲ့ဒီအချိန်မှာ တရုတ်ခမျာလည်း မင်း အမတ်တွေ ညံ့ဖျင်း အကျင့်ပျက်လေတော့ အင်အားက ချိနဲ့နေလေရဲ့။ ကိုယ့်လူတောင် ကိုယ်အနိုင်နိုင်ထိန်းနေရတာ ဟိုနိပွန်ကောင်တွေကို ဘယ်မှာသာ သွားတီးနိုင်ပါ့မလဲ။ ဟိုကောင်တွေကလည်း အခွင့်ကောင်းပဲဆိုပြီး ဆိပ်ကမ်း မြို့တစ်မြို့ကို သိမ်း၊ စစ်တပ်အစောင့်အရှောက်နဲ့ ခံတပ်ပြုထားတာ အင်အားနှစ်သောင်းတောင် ဖြစ်လာပါလေရော။ နိပွန်တွေ အင်အားက ထုနဲ့ ထည်နဲ့ဖြစ်လာပြီလည်းကြားရော အဲဒီ့တော့မှ နန်းတွင်းအမိန့်နဲ့ ကျူးကျော်သူကို တွန်းလှန်ချေမှုန်းဖို့ စစ်သူကြီး ယူ (Sammo Hung) လည်း ကသောကပါးအပြေးသွားရတော့တယ်။ နို့ပေမယ့် မိုးလွန်မှ ထွန်ချဆိုသလိုကိုးခင်ဗျ။ ယူ စစ်သူကြီးဆိုတာကလည်း လက်ရုံးရည်သာရှိတယ်၊ နှလုံးရည်က သူသူငါငါထက်မပိုလေတော့ ခံတ်ကို ဝိုင်းဝန်းပိတ်ဆို့လုပ်ကြံရာမှာ အချိန်သာ ငါးလကြာတယ် ရေထဲအရုပ်ရေးသလို အရာကိုမထင်ဖြစ်ပါလေရော။ ကြံရည်ဖန်ရည်ကောင်းလွန်းတဲ့ နိပွန်စစ်သူကြီး (Yasuaki Kurata) လက်ချက်နဲ့ သေလိုက်ရတဲ့ ရဲမက်တွေဆိုတာလည်း မနည်းဘူးပဲ။ မနေသာတဲ့ အမတ်ကြီးတစ်ယောက်ခမျာမှာ သူ့တပ်သူလွှတ် သူ့စရိတ်သူခံပြီး စစ်သူကြီး ချီဂျီဂွမ် (Vincent Zhou) ကို စစ်ကူပို့လိုက်ရတယ်။ မျက်နှာပျက်စရာဖြစ်ရတဲ့အတွက် ယူစစ်သူကြီးလည်း နောက်ရောက်တဲ့ရွှေမင်းသား ချီစစ်သူကြီးကို အမြင်မကြည်သလို လူငယ်ဆိုပြီး အထင်လည်း မကြီးဘူးပေါ့။ ဒင်းကလည်း ရောက်ကတည်းက တစ်ပွဲမှ မဆော်ပဲ တစ်နေ့တစ်နေ့ တပ်ကြီးခေါ်သွားလိုက်၊ သူများခံတပ် ခပ်လှမ်းလှမ်းက ကြည့်ပြီး ပြန်လာလိုက်နဲ့ကိုးဗျ။ နေသာလည်းမတိုက် မိုးရွာလည်းမတိုက်နဲ့ သူ့တပ်မှူးတွေကတောင် မေးခွန်းထုတ်ချင်လာရော။ သူကလည်း သူ့အကြံနဲ့သူကိုး။ တိုက်ပြီလဲဆိုရော ဘာပြောကောင်းမလဲ။ နိပွန်တွေခဗျာ ကလိမ်ကကျစ်ကျလွန်းတဲ့ ချီစစ်သူကြီးလက်ချက်နဲ့ တစ်ချိုးတည်းပြေးရပါလေရော။ (ဒါတောင် ပြန်ကလိမ်ကျခဲ့သေးတာနော်၊ အဲဒါတော့ ပြီးမှကြည့်ပေတော့) ယူစစ်သူကြီးလည်း အဲဒီတော့မှ congratulation ညေးတွေ ဘာတွေ ဖြစ်သွားရော။ နိုင်မယ်သာနိုင်တယ် ချီစစ်သူကြီးနဲ့ သူ့ဆရာအမတ်ကြီးခမျာမှာ ရတက်မအေးရသေးပါဘူး။ နိပွန်ရန်ကို အမြစ်ကနေ တွန်းလှန်ဖို့ကလည်းရှိသေးတာကိုး။ ချီစစ်သူကြီးက ကျူငုတ်ပါခုတ်မယ့်တိုက်ပွဲ အတွက် အမတ်ကြီးပေးတဲ့ တပ်ကို အားမရပါဘူး။ သူ့စိတ်ကြိုက် တပ်အသစ်ဖွဲ့စည်းပြီးမှ စစ်ဆင်ချင်ပါတယ်။ အထက်က ခွင့်ပြုဖို့အရေးကျတော့လဲ မလွယ်သေးတာမို့ သူလုပ်နိုင်တာလေးတွေ ကြိုလုပ်ရင်း အလုပ်က ရှုပ်မြဲရှုပ်နေ၊ မိန်းမက ငြူစူ၊ အထက်က လည်း တစ်မျိုးနဲ့ပါ။ နောက်ဆုံးမှာတော့ အခက်အခဲပေါင်းစုံကြားကနေ အင်အား ၃၁၀၀ ကျော်ရှိတဲ့ တပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မပျော်နိုင်သေးပါဘူး။ ရန်သူအင်အားက ၂၀၀၀၀ ထက်မှ မလျော့ပဲကိုး။ အချိန်ကလည်း ဆွဲမရတော့ပါဘူး။ အထက်က တိုက်ပွဲအတင်းဝင်ခိုင်းနေတော့ အချိန်ကြာရင် ပြည်သူတွေအတွက်ပဲ မကောင်းဖြစ်မှာကို ထောက်ဆပြီး ချီစစ်သူကြီးခင်ဗျာ မာန်တင်းပြီး စစ်ချီခဲ့ရပါတော့တယ်။ ကဲ ဇာတ်လမ်းရဲ့ အနှစ်တွေဖြစ်တဲ့ ချီစစ်သူကြီး တပ်သားသစ်တွေ ဘယ်လိုစုဆောင်းခဲ့တယ်၊ အင်အားနည်းသည်များသည်မှာ သာမည တိုက်ရည်ခိုက်ရည်နဲ့ ရဲစွမ်းသတ္တိသာ ပဓာနဆိုတဲ့ မူကိုလက်ကိုင်ထားပြီး ဆွန်ဇုရဲ့ စစ်ဗျူဟာတွေနဲ့ ဘယ်လို တိုက်ပွဲဝင်ခဲ့တယ်၊ စစ်သူကြီးကတော်ဖြစ်ပြီး ပြည်သူကို မထားခဲ့နိုင်ဘူးဆိုတဲ့ မိန်းသားတစ်ယောက်က ကျူးကျော်သူ့ရန်ကို ဘယ်လိုအံတုခဲ့တယ်၊ ပြည်ထောင်နှစ်ခု လူမျိုးနှစ်မျိုး စစ်သူကြီးနှစ်ဦးတို့ ဘယ်လို အားပြိုင်ကြမယ်ဆိုတာကတော့ ဇာတ်လမ်းလေး ကြည့်မှပဲ ခံစားကြပါဦးစို့။ 


ဇာတ်ကားကြည့်ရန်နှိပ်ပါ




Headshot 2016 ( မြန်မာစာတန်းထိုး )




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Headshot 2016 ( မြန်မာစာတန်းထိုး )

တရက်မှာ အဖိုးကြီးတယောက်ဟာ ပင်လယ်ကမ်းခြေမှာ မျောလာတဲ့လူတယောက်ကို ကယ်တင်ခဲ့ပါတယ် နောက်တော့ ဆရာဝန်မလေးက ကူညီပြီးစောင့်ရှောက်ပေးထားတယ် အဲကောင်လေး သတိရလာချိန်မှာတော့ သူ့ရဲ့နောက်ကြောင်းမှာ ဘာတွေဖြစ်ခဲ့လဲ အဲကောင်လေးကို လိုက်ရှာနေတဲ့ လူတစုကကော ဘယ်လိုတွေ ဒုက္ခပေးမလဲ ဆိုတာ ဇာတ်လမ်းမှာဆက်ပီး ခံစားကြည့်ကြပါအုန်းဗျ ဖိုက်တင်ဇာတ်လမ်းကြမ်းကြမ်းကြိုက်တဲ့ဘော်ဒါတွေအကြိုက်တွေ့ရအုန်းမှာပါ IMDBမှာ 6.5ရရှိထားတဲ့ အက်ရှင်ဇာတ်လမ်းကောင်းလေးတခုဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်နှိပ်ပါ






Spider-Man: Homecoming (2017) WEB-DL (မြန်မာစာတန်းထိုး)




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ


Spider-Man: Homecoming (2017) WEB-DL (မြန်မာစာတန်းထိုး)

Spider-Man: Homecoming (2017) WEB-DL Version ထွက်လာလို့ဘာသာပြန်ပြီးတင်ထားပေးပါတယ်။ WEB-DL Version က Blu-ray နီးပါးရုပ်ထွက်ကြည်လို့ကြည့်ရတာလုံးဝအဆင်ပြေပါတယ်။ Tobey Maguire နဲ့ Andrew Garfield တို့ပြီးတဲ့နောက်မှာ သုံးကြိမ်မြောက် Reboot လုပ်ခဲ့တဲ့Tom Holland ရဲ့ တကယ့်ကို လူငယ်ဆန်တဲ့ အငွေ့အသက်တွေလွှမ်းခြုံနေတဲ့Spider Man Homecoming ဟာ ၂၀၁၆နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ Marvel Comic ဖန်တွေ အကြိုက်လောက်ဆုံး Spider Man Reboot Movie တစ်ခုဖြစ်ခဲ့ရပါတော့တယ် Tobey နဲ့ Andrew အလွန် ၂၀၁၆မှာတော့ ကျွန်တော်တို့လို Comic Fan တွေအတွက် Cilvil War မှာ လူငယ်မင်းသား Tom Holland က ဆန္ဒတွေ ဖြည့်ဆည်းပေးလိုက်တော့တယ်။ သူ့ကို စတင် Cast လုပ်လိုက်လိုက်ချင်း ဝေဖန်သံတွေ ပေါ်ထွက်ခဲ့ပေမယ့်အဲဒီ ဝေဖန်သံတွေကို Civil War မှာ Tony Stark ရဲ့ Underoses ဆိုတဲ့ စကားနဲ့ Spidey လက်သစ်ရဲ့ Hello Everyone ဆိုတဲ့တစ်ခွန်းတည်းနဲ့ ပယ်ဖျက်ခဲ့တယ်။ " တခြားစူပါဟီးရိုးတွေလို ရင့်ကျက်မှုမရှိသေးမယ့် CW ကဖြစ်ရပ်တွေထဲ ဝင်ပါခဲ့ရပြီးတဲ့နောက် Peter Parker ဟာ သူ့ကိုအချိန်ပြည့် စောင့် ကြည့်ထိန်းမတ်ပေးနေတဲ့ Tony Starkရဲ့ အုပ်ချုပ်မှုအောက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဝတ်စုံအသစ်နဲ့အတူ နေ့တိုင်း မှုခင်းတိုက်ဖျက်နေခဲ့ပါတယ်။ Parker ဟာ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း Ned နဲ့အတူ သာမန်ရိုးရှင်းတဲ့ အထက်တန်းကျောင်းသား ဘ၀ကို အတွဲညီညီဖြတ်သန်းနေသလို Lizဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုပါ ခွက်ရှ်နေခဲ့ပါတယ်။ သို့သော်လည်းပဲ Tony Stark ရဲ့ လက်နက်ထိန်းချုပ်ရေး ပရိုဂရမ်ကြောင့် အမြစ်တည်ပျံ့ပွားလာတဲ့ အမုန်းတရားတွေရဲ့သားကောင် Vulture ဆိုတဲ့ Villain တစ်ယောက်ပေါ်လာချိန်မှာတော့ အတွေ့အကြုံအကြီးကြီး မရှိသေးတဲ့ Spidey လေးခင်မျာ အားကုန်သုံးပြီး ပြန်တွန်းလှန်ရပါတော့တယ်.... ။ " ဒီကားဟာ Tomရဲ့ Solo Film ဖြစ်တဲ့အတွက် သူအတွက် လုပ်ပိုင်ခွင့်တွေ ပိုရလာခဲ့သလို Comic ထဲကလို ပျော်ပျော်နေတတ်တဲ့ Friendly Neighborhood Spidey လေးကို မြင်တွေ့ခဲ့ရတယ်။ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ စွမ်းအား၊ သူ့ရဲ့ လုပ်နိုင်စွမ်းတွေဟာ ဒီကားနဲ့အတူ နောင်လာမယ့် ကားတွေမှာပါ ကျွန်တော်တို့ အချစ်တော် Spidey လေးဖြစ်လာမယ်ဆိုတာတော့ ဘယ်လိုမှ လွဲမယ်မထင်ပါဘူး credit . channel myanmar


ဇာတ်ကားကြည့်ရန်နှိပ်ပါ





The Revenant (2015) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

The Revenant (2015) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ လက်တလောတောင်းဆိုသူအများဆုံးဇာတ်ကားဖြစ်ပြီး Leonardo DiCaprio ရဲ့ အော်စကာ ပူပူနွေးနွေးရရှိထားတဲ့ဇာတ်ကားဖြစ်သလို ၂၀၁၅ အတွက် အကောင်းဆုံးဒါရိုက်တာဆုကိုလည်း ဒီ The Revenant ဇာတ်ကားနဲ့ ဒါရိုက်တာ Alejandro က လက်ခံရရှိထားတဲ့ ဇာတ်ကားပါ... ဇာတ်လမ်းကတော့..... သက္ကရာဇ် ၁၈၂၃ . . . . ကပ္ပတိန် Andrew Henry တို့အဖွဲ့ဟာ အနီးအနားတဝိုက် တောနက်တွေထဲမှာ သားမွေးတွေ ရရှိရန် အလို့ငှာ အမဲလိုက်လျက်ရှိပါတယ်။ သူတို့တတွေ ရရှိထားတဲ့ သားမွေးတွေကို ထုတ်ပိုးပြီး ပြန်ဖို့ရာ ပြင်ဆင်နေဆင် ဒေသခံ Arikara လူမျိုးတွေရဲ့ အလစ်တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်။ အဖွဲ့ဝင်တချို့သာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး အများစုကတော့ အသတ်ခံလိုက်ရပါတော့တယ်။ ထိုထွက်ပြေးလွတ်မြောက်သွားသူတွေထဲမှာမှ Glass ဟာ အမဲလိုက်အတွေ့အကြုံအရှိဆုံးဖြစ်ပြီး ရေမြေဒေသနဲ့ ဒေသခံ တွေအကြောင်း သိရှိသူဖြစ်ပါတယ်။ Glass ရဲ့ အကြံပေးမှုနဲ့ သူတို့အဖွဲ့ဟာ ထွက်ပြေးလွတ်မြောက်လာတဲ့လှေကို စွန့်ခွာပြီး တောထဲမှတစ်ဆင့် သူတို့ စခန်းကို ပြန်ကြပါတော့တယ်။ ထိုဆုံးဖြတ်ချက်ကို အများစုက သဘောမကျ ကြပါဘူး။ Glass မှာ Hawk ဆိုတဲ့ သားတစ်ယောက်ရှိပြီး လူငယ်အရွယ်သို့ပင် ရောက်ရှိနေပါပြီ။ လမ်းရှာဖွေတဲ့သူတွေ အရှေ့ကသွားနေစဉ်မှာ Glass ဟာ ဝက်ဝံတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်။ ဝက်ဝံကို သတ်ဖြတ်နိုင်လိုက်ပေမယ့် Glass တစ်ယောက်လည်း သေလုမြောပါး ဒဏ်ရာရရှိသွားပါတော့တယ်။ ဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့ Glass ဟာ အသက်ရှင်နိုင်မှာ မဟုတ်တာကြောင့် Glass ကို သတ်ဖြတ်ထားခဲ့ပြီး ခရီးပေါက်အောင် Fitzgerald က ပြောပေမယ့် ကပ္ပတိန် Henry က သဘောမတူပါဘူး။ ကပ္ပတိန် Henry က ပိုက်ဆံအများအပြားပေးပြီး Glass ကို ဖေးမ သယ်ဆောင်လာစေပြီး တကယ်လို့ သေဆုံးသွားခဲ့ရင်လည်း ကောင်းမွန်စွာ မြေမြုပ်ပေးရန် တောင်းဆိုချက်က Fitzgerald က သဘောတူခဲ့ပြီး သူနဲ့အတူ Jim Bridger လဲ အဖော်အဖြစ်နေခဲ့မှာပါ။ ထို့အတူ Glass ရဲ့သား Hawk လည်း ကျန်နေရစ်ခဲ့ပါတယ်။ လမ်းတဝက်နားနေစဉ် Fitzgerald ကို သတ်ဖြတ်ရန်ကြိုးစားနေသည်ကို Hawk က တွေ့ရှိသွားပါတော့တယ်။ ထို့နောက် Fitzgerald ဟာ Hawk ကို သတ်ဖြတ်မိသွားပြီး မလှုပ်မရှားနိုင်တဲ့ Glass ဟာ သူ့သား Hawk အသတ်ခံရတာကို ဘာမှ မကူညီနိုင်ပဲ ဒီအတိုင်းပဲ ကြည့်နေနိုင်ပါတော့တယ်။ Bridger ပြန်လာတဲ့အခါမှာတော့ Fitzgerald က Hawk ပျောက်နေပြီး Glass ဟာလည်း ကာကွယ်ပေးဖို့အတွက် အပြင်းအထန်ဒဏ်ရာရနေတယ်လို့ ဆိုပါတယ်။ သူတို့နောက်ကို လိုက်လာတဲ့ ဒေသခံ Arikara လူမျိုးတွေလည်းရှိတာမို့ Glass ကို ထားခဲ့ပြီးသွားဖို့ Fitzgerald ဟာ ညာပြောပါတော့တယ်။ Bridger ဟာ တုံ့စိုင်းနေပေမယ့်လည်း Glass ကို ထားခဲ့ကာ Fitzgerald နဲ့အတူ ထွက်ပြေးသွားပါတော့တယ်။ ဒဏ်ရာရနေတဲ့ Glass ဟာ ဒေသခံ Arikara လူမျိုးတွေရဲ့ ရန်ကလည်း သီသီကလေး လွတ်မြောက်သွားခဲ့ပါတော့တယ်။ Arikara လူမျိုးခေါင်းဆောင် Powaqa ဟာ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ သူ့သမီးကို လိုက်လံ ရှာဖွေနေတာဖြစ်ပါတယ်။ သူ့သားကိုသတ်သွားတဲ့ Fitzgerald ကို Glass တစ်ယောက် ပြန်တွေ့ လက်စားချေနိုင်ပါ့မလား . . . . . Powaqa ကကော သူ့သမီကို ပြန်ရှာတွေ့နိုင်ပါ့မလား . . . ။ ထိုနောက် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ . . . ဇာတ်ညွှန်း credit . chan nyein(မှော်ဝင်း) video credit . channel myanmar


ဇာတ်ကားကြည့်ရန်နှိပ်ပါ




Captain America: The Winter Soldier (2014) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ


Captain America: The Winter Soldier (2014) မြန်မာစာတန်းထိုး

ဒီကားကတော့ ပထမဇာတ်ကားထက်အများကြီးပိုကောင်းပြီး Batman ၃ကားနဲ့ Avengers ပြီးရင် အကောင်းဆုံး Superhero ဇာတ်ကားဖြစ်ပါတယ်။ Man Of Steel ထက်တောင်မှ ပိုကောင်းတယ်လို့ပြောချင်ပါတယ်။ ဒီဇာက်ကားက Captain America: The Winter Solider ကာတွန်းစာအုပ်ကို အခြေခံပြီး ရိုက်ကားထားတာ ဖြစ်သလို၊ ကာတွန်းထဲက ဇာတ်ဝင်ခန်းတော်တော်များများကိုလည်း ဇာတ်ကားမှာ အသုံး ပြုထားတာတွေ့ရပါတယ်။ ဒါကြောင့် Comic ပရိတ်သတ်တွေအကြိုက်တွေ့စေမှာလည်းဖြစ်ပါတယ်။ ဒါအပြင် Captain America က ဒီကားမှာ အရင်ကားတွေထက် (Captain America: The First Avenger, Avengers) အက်ရှင်ခန်းတွေ၊ Fighting ခန်းတွေပိုများပြီး၊ Fight Scene တွေကလည်းတကယ့်ကို ပီပီပြင်ပြင် ရိုက်ကူးထားတာတွေ့ရပါတယ်။ အထူးသဖြင့် ပထမဆုံး အခန်းမှာဆိုရင် Captain America ရဲ့ Speed, Agility, Strength နဲ့ သူ့ရဲ့ Shield ကိုသုံးပြီး ရန်သူတွေကို ရင်ဆိုင်သွားတာကလည်း လက်ရှိထွက်ထားသမျှ Superheros ကားတွေအားလုံးထဲ မှာ အကောင်းဆုံး Fight Scene လို့ပြောလို့ရပါတယ်။ ကျွန်တော့်အကြိုက်ဆုံး Batman ကားတွေထဲက Fight Scene ထက်တောင်မှပိုကောင်းပါတယ်။ ဇာတ်လမ်းအားဖြင့်တော့ သာမန် အဆင့်သာရှိပေမယ့် ဒီကားက Marvel Universe ထဲမှာ ထပ်မံထွက်မယ့် Avengers: Age of Ultorn အတွက် ဇာတ်ကောင်တွေ မိတ်ဆက်ပေးခဲ့သလို၊ Marvel က DC ထက် ရုပ်ရှင်ဇာတ်ကားတွေမှာ ပိုသာနေတယ်ဆိုတာကိုပြနိုင်ခဲ့ပါတယ်။ DC က Superman, Green Lanternနဲ့ Batman ပဲထွက်ထားပြီး၊ Batman သုံးကားကလွဲရင် Superman ကလည်း သာမန်သာဖြစ်ပြီး GL က တော့ အညံ့စားကားတစ်ကားပဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Flash, Wonder Woman, Aquaman, Cyborg (သို့မဟုတ်) Martian တို့ကိုလည်း ပရိတ်သတ်သိအောင်ချမပြနိုင်သေးပါဘူး။ ဒီလိုအချိန်မှာပဲ Marvel က Captain America ဇာတ်လမ်း အဆုံး Post Credit scene အနေနဲ့ Quicksilver နဲ့ Scarlet Witch တို့ အမွှာ မောင်နှမ နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်က X-Men ကာတွန်းတွေမှာအဓိကပါဝင်သလို၊ နောက်ပိုင်း Avengers အဖွဲ့ဝင်တွေဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ အဖေကတော့ အားလုံး နဲ့ ရင်းနှီးပြီးသား Magneto ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က အသစ်ထွက်မယ့်Avengers: Age of Ultron မှာလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Avengers နဲ့ Captain တို့ရဲ့ ရန်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Baron Striker ကိုလည်း မိတ်ဆက်ခဲ့သလို၊ Arnim Zola ကိုလည်း ကာတွန်းထဲက အတိုင်း ကွန်ပျူတာ Program အနေနဲ့ မိတ်ဆက်ထားပါသေးတယ်။ IMDb မှာ Rating 8.2 ရရှိထားပြီး Rotten Tomatoes မှာလည်း Tomatometer 89% ရရှိထားတာမို့ အတော်လေးကောင်းတဲ့ ဇာတ်ကားလို့ ပြောနိုင်ပါတယ်။ လက်နက်ဆန်းမျိုးစုံကို မြင်ရမှာ ဖြစ်သလို အရင်က စူပါဟီးရိုးဇာတ်လမ်းတွေလို အသားလွတ်ကြီး အစွမ်းထက်နေတာမျိုးမဟုတ်ပဲ ထက်မြက်ကျွမ်းကျင်မှုနဲ့ စွန့်စားမှုတွေကြောင့် လူစွမ်းကောင်းအဖြစ် ထိုက်တန်ကြောင်း ထည့်သွင်းပြသထားပါတယ်။ Falcon ရဲ့ တိုက်ခန်း ခိုက်ခန်း အချို့ကလွဲရင် ကျန်တဲ့ ဇာတ်ကွက်တွေကို တတ်နိုင်သရွေ့ အထူးပြုလုပ်ချက် မသုံးပဲ ဖန်တီးထားတာ တွေ့ရပါတယ်။ Captain America ရဲ့ အဓိက လက်နက်ဖြစ်တဲ့ ဒိုင်းကြီးကိုလည်း ကာကွယ်ဖို့ထက် တိုက်ပွဲဝင်ဖို့ ပိုမိုအသုံးပြုသွားတာကို တွေ့ရမှာပါ။ ရုပ်ရှင်ဝေဖန်သူတွေက Batman ရဲ့ The Dark Knight ဇာတ်ကားကို ယှဉ်နိုင်တဲ့ အရည်အသွေးရှိတယ်လို့ မှတ်ချက်ပြုထားကြပါတယ်။ (ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်…) Encoded by : FOF Translated by : kokolatt (မြန်မာစာတန်းထိုးဘလော့)


ဇာတ်ကားကြည့်ရန်နှိပ်ပါ




Captain America: The First Avenger (2011) (မြန်မာစာတန်းထိုး)




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Captain America: The First Avenger (2011) (မြန်မာစာတန်းထိုး)

ကြည့်ဖူးတဲ့သူတော့ တော်တော်များမယ်ထင်ပါတယ်..။ The winter soldier ကိုလည်းမကြာခင်တင်ပေးပါ့မယ့် ဒီဇာတ်ကားကပထမဆုံးထုတ်လွှင့်ခဲ့တဲ့ကားမဟုတ်ပေမယ့် ဇာတ်လမ်းအားလုံးရဲ့ အစအနေနဲ့ စကြည့်သင့်တယ်ပဲ ထင်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလ ၁၉၄၂ မှာ စတင်ပေါ်ပေါက်လာခဲ့တယ် စူပါဟီးရိုးအဖြစ်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ Winter Soldier ဖြစ်လာမယ့် Bucky နဲ့ သူငယ်ချင်း သံယောဇဉ်ကို ထင်းထင်းကြီးမြင်နိုင်မှာလဲ ဖြစ်ပါတယ်။ နောက်ဇာတ်ကားတွေမှာ Cap က ဘာလို့ ဘက်ကီကို အမြဲကာကွယ်နေလဲဆိုတာကို နားလည်စေမှာပါ။ နောက်ပြီး S.H.I.E.L.D အဖွဲ့ကို တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ Cap ရဲ့ ချစ်သူ Agent Carter နဲ့လည်း မိတ်ဆက်ပေးပါလိမ့်မယ်။ ဒါအပြင် နောက်ထပ်ဇာတ်ကားတွေမြစ်ဖျားခံရာ Cosmic Cube ကိုလဲ ထည့်သွားပါတယ်။


ဇာတ်ကားကြည့်ရန်နှိပ်ပါ







Tricky Brain (1991) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ
Tricky Brain (1991) မြန်မာစာတန်းထိုး BluRay Update

month ago Chinese, Comedy, Stephen Chow Collection ကျင်းကူးဆိုတာ လူတွေကို ရူးလောက်အောင် အထိ လိမ်လည်လှည့်စားတဲ့ ပညာရပ်ကို ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်..။ စီးပွားရေးသမားတွေ လူလိမ်ခံရသူတွေအတွက် ကျင်းကူးဟာ တစ်ဖက်လူတွေကို လိမ်လည်လှည့်စားပေးဖို့အတွက်ကို အလုပ်တစ်ခုလို လက်ခံပြီးမှကို Pro ကျကျ လှည့်စားမှု့တွေဖန်တီးပေးပါတယ်.။ တစ်ရက်မှာတော့ ချီမန်ကစ်ဆိုတဲ့ ခပ်တုံးတုံးတပည့်တစ်ယောက်နှင့် ကြုံဆုံရပြီး ဟောင်ကောင်က အင်မတန်အရှိန်အ၀ါကြီးတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးကို အရူးလုပ်လှည့်စားဖို့ တာဝန်ကို လက်ခံလိုက်တဲ့ အချိန်မှာတော့ ကျင်းကူးအတွက် သက်စွန့်ဆံဖျားစွန့်စားခန်းတွေ သည်းထိတ်ရင်ဖိုအဖြစ်တွေနဲ့ အတူ သူ့ဘ၀ရဲ့ အကြီးမားဆုံးလှည့်ကွက်ကြီးတွေကို ဖန်တီးရပါတော့တယ်.။ စတီဗင်ချောင်ဆိုတဲ့ အတိုင်းတ၀ါးဝါးတဟားဟားနဲ့ ရယ်မောပျော်ရွှင်ကြရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါ.။ Imdb Rating 7.0/10 ရရှိထားတဲ့ ဟာသအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.။ ခံစားလိုက်ကြပါဦး.။ ရှေးကားတစ်ကားဖြစ်တာနဲ့ အညီ အကောင်းဆုံးရနိုင်သမျှ Quality ဖြစ်တဲ့ Blue Ray Rip ဖြင့် တင်ဆက်ပေးလိုက်ရပါတယ်.။ Credit..gold channel


ဇာတ်ကားကြည့်ရန်နှိပ်ပါ






Love on Delivery (1994) မြန်မာစာတန်းထိုး




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ


Love on Delivery (1994) မြန်မာစာတန်းထိုး

ကျွန်တော်အကြိုက်ဆုံးမင်းသားကြီး စတီဖင်ချောင်ရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ။ ဟာသအက်ရှင်တွေထဲမှာတော့ စတီဖင်ချောင်ရဲ့ဇာတ်ကားတွေက ကျွန်တော့်ကို အာရုံအဖမ်းစားနိုင်ဆုံးဖြစ်သလို အတော်များများကိုလဲ ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာလဲ စတီဖင်ချောင်ဟာ မျက်နှာအမူအရာမျိုးစုံနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားသလို မင်းသမီး Christy Chung ကလဲ အံဝင်ခွင်ကျခဲ့ပြီး ဟာသတွေကလဲ အတော်ကိုရယ်ရပါတယ်။ ဇာတ်ကြောင်းကတော့ အချစ်အတွက် အရာအားလုံးကို စွန့်လွှတ်စွန့်စားမယ့် ပေါင်မုန့်ပို့သမားလေးတစ်ယောက်အကြောင်းပါ။ IMDb (6.9/10) ရရှိထားပါတယ်။ ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးမယ့် ဟာသဇာတ်ကားလေးမို့လို့ အနားယူရင်း ကြည့်ရှုခံစားနိုင်ကြောင်းပါ။ ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားလေးမို့လို့ HD Quality ကိုရရှိအောင် ကြိုးစားပြီး Encode ပေးထားပါတယ်။ Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by The Fridays


ဇာတ်ကားကြည့်ရန်နှိပ်ပါ






Cook Up A Storm ( 2017 )မြန်မာစာတန်းထိုးတရုတ်စားဖိုမှုးဟာသကားသစ်



Cook Up A Storm ( 2017 )မြန်မာစာတန်းထိုးတရုတ်စာဖိုမှုးဟာသကားသစ် HD အကြည်၊


ဇာတ်ကားကြည့်ရန်နှိပ်ပါ