မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 30 January 2016

ရှမ်းဟင်းထုပ်






















ရှမ်းဟင်းထုပ် 

ရှမ်းအစားအစာတမျိုးဖြစ်တဲ့ဟင်းထုပ်ကိုပုံစံအမျိုးမျိုးပြုလုပ်တာတွေ့ရပါတယ်။အချို့ကကြက်သွန်မိတ်တမျိုးသာအသုံးပြုပြီးအချို့ကမုန်လာထုပ်၊ငှက်ပျောဖူး၊ကြက်သွန်ဖူး၊ကြက်သွန်နီတို့ကိုအသုံးပြုကြပါတယ်။သတ်သတ်လွတ်ဟင်းထုပ်ဖြစ်ပါတယ်။အသားဖြင့်ပြုလုပ်လိုပါကမိမိနှစ်သက်ရာအသားငါးတို့ဖြင့်ထည့်သွင်းပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်သွန်မိတ် - တဆယ်သား
ဆန်မှုန့် - တဆယ်သား
ကော်မှုန့် သို့ ကောက်ညင်းမှုန့် - ၃ ဇွန်း စားပွဲတင်ဇွန်း
ဆီ - တစ်ဇွန်း
ဂျင်းကြက်သွန်ဖြူ - ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဆား - လိုသလောက်
္နနနွင်းမှုန့် - အနည်းငယ်
ရေ - အနည်းငယ်
ငါးဟင်းထုပ်ပြုလုပ်ပါက ငါးအသားပြားထွင်ပြီးသား - လိုသလောက်
ငှက်ပျောဖက် ထုပ်ရန်
တွဲဖက်စားသုံးရန်
**********
ကြက်သွန်ဖြူဆီချက်
ဂျူးမြစ်
ငရုပ်သီးကြော်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာကြက်သွန်မိတ်ကိုရေဆေးသန့်စင်ပြီးလက်တဆစ်ခန့်ဖြတ်ထားပါ။
(၂)ပါဝင်ပစ္စည်းအားလုံးကိုဇလုံတခုတွင်ထည့်ပြီး ရေကိုဖြည်းဖြည်း ဆီထည့်ပြီးနယ်ပေးပါ။
(၃)ငှက်ပျောဖက်ကိုမီးကင်ပြီးသန့်ရှင်းကာကတော့ပုံလုပ်ပြီးစပ် ထားသောမှုန့်နှစ်ကိုထည့်ပါ ။ ငါးထည့်လိုကထည့်ပြီးလုံအောင်ပိတ်ပြီးပေါင်းခံအိုးတွင်ထည့်ပြီးမီးပြင်းပြင်းဖြင့်နာရီဝက်ခန့်ပေါင်းပြီးကြက်သွန်ဖြူဆီချက်၊ဂျူးမြစ်၊ငရုပ်သီးကြော်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise 

ငါးဆမူစာFish Lumpia






















ငါးဆမူစာFish Lumpia


လိုအပ်သောပစ္စည်း
**********
ငါးအသား - ၃၀၀ ဂရမ်
လီမွန် - တစ်လုံး
ငရုပ်ကောင်း - အနည်းငယ်
parsley -အနည်းငယ် (နံနံပင် အစားထိုးနိုင်သည်)
ကြက်သွန်နီ - တလုံး
ငရုပ်ပွ - တခြမ်း
မုန်လာဥနီ - သေးသေးစိတ် ၂ဇွန်း စားပွဲတင်
ကြက်သွန်ဖြူ - နှစ်မြောင်း
ပင်စိမ်းရွက် - နှစ်ခက်
ရှီတာခီ - ၂ပွင့်
ကြက်ဥ - တစ်လုံး
ဆား - လိုသလောက်
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲတင်
ဆီ - ၁ဇွန်း ; ကြော်ရန်ဆီ
ကော်ပြန်ဖတ် - တစ်ထုပ်
ပြုလုပ်နည်း
*******
(၁)ဦးစွာအရိုးမပါသောငါးအသားကိုပန်းကန်တခုတွင်ထည့်ပြီးလီမွန်အခွံခြစ်ထည့်ပါ။ငရုပ်ကောင်းနှင့် parsley ထည့်ပြီးနယ်ပေးပါ။
(၂)ပြီးလျှင်ငါးအသားကိုကျက်အောင်ပေါင်းပေးပါ။ရေနည်းနည်းဖြင့်ပြုတ်၍လည်းရသည်။အအေးခံထားပါ။
(၃)ကြက်သွန်နီ၊ဖြူ၊ငရုပ်ချို၊ပင်စိမ်းရွက်၊မုန်လာဥနီ၊မှို တို့ကိုသေးသေးစိတ်ပြီးဆီသပ်ကြော်ပါ။
(၄)အအေးခံထားသောငါးနှင့်ဆီသပ်ထားသည်တို့ကိုရောပြီးကြေအောင်ချေပေးပါ။
(၅)အရသာဆား၊ငရုပ်ကောင်း၊ဟင်းခတ်မှုန့်တို့ဖြည့်စွက်ပါ။
(၆)အရသာအပေါ့အငန်မြည်းကာကြက်ဥအစိမ်းတလုံးကိုဖောက်ထည့်ပြီးသမအောင်မွေပေးပါ။
(၇)ကော်ပြန်ဖတ်ခင်းပြီးနှစ်သက်ရာပုံစံ၊အရွယ်အစားထုပ်ပြီးဆီ ပူပူ တွင်ရွှေဝါရောင်ရသည်ထိကြော်ပြီးမိမိနှစ်သက်ရာဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise 

ဘိန်းမုန့်



















ဘိန်းမုန့်

ဘိန်းမုန့်ကြိုက်တဲ့ထဲမှာဆိုဖီယာလည်းတယောက်အပါအဝင်မို့အလွယ်တကူဝယ်စားလို့မရတဲ့နေရာရောက်တော့ပုံစံမျိုးစုံစမ်းလုပ်ကြည့်ဖူးပါတယ်။အကြိမ်ကြိမ်လုပ်ကြည့်ပေမဲ့မအောင်မြင်လို့pageပေါ်မရောက်ခဲ့ပါဘူး။ဒါကြောင့်ပြီးခဲ့တဲ့တခါမြန်မာပြည်ပြန်တော့နီးစပ်ရာမေးခဲ့တယ်။မသေချာမရေရာနဲ့မို့ဘိန်းမုန့်သွားဝယ်စားရင်းရောင်းတဲ့ညီမလေးကိုမေးခဲ့တယ်အချိုးအတိကျမသိရပေမဲ့အနီးစပ်ဆုံးသိရတော့ထပ်ပြီးပြန်လာစမ်းကြည့်ရာမှာတော်တော်လေးစားကောင်းတဲ့မုန့်လေးလုပ်နိုင်ခဲ့ပါတယ်။အခုလုပ်ထားတဲ့မုန့်နှစ်အချိုးလေးကိုမျှဝေပေးလိုက်ပါ တယ်။ဘိန်းမုန့်နှစ်သက်သူများကျေနပ်ကြလိမ့်မယ်မျှော်လင့်ပါတယ်။
ပါဝင်ပစ္စည်း (၅ချပ်စာ)
*********
ဆန်ချော - တခွက်ဆန်ချိန်ခွက်
ရေ - ၁၅၀ ml
ထန်းလျက်ရည်အပျစ် - ၆၀ gm
Yeast - ၁/၃ လ္ဘက်ဇွန်း
Baking powder - ၁/၂ လ္ဘက်ဇွန်း
ဆီ/ထောပတ် - ၂ဇွန်း စားပွဲဇွန်း
ဗီနီလာအနံ့ - ၁/၂ဇွန်း လ္ဘက်ဇွန်း
မြေပဲ - ၅ဇွန်း
ဘိန်းစေ့ - ၅ဇွန်း လ္ဘက်ဇွန်း
အုန်းသီး - တစိတ် ပါးပါးစိတ်
ထောပတ် - အနည်းငယ် အိုးလူးရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာဆန်ချောကိုရေ၂နာရီခန့်စိမ်ထားပြီးရေစစ်ထားပါ။ထန်းလျက်ကိုပျစ်ပျစ်ကျိုပြီးအမှိုက်စစ်ထားပါ။
(၂)ရေစစ်ထားသောဆန်ကိုရေ၁၅၀ ml ထည့်ပြီးကြိတ်စက်ဖြင့်ကြေညက်အောင်ကြိတ်ပါ။
(၃)ထန်းလျက်ရည်ထည့်ဖျော်ပါ။ဆား၊ဗီနီလာyeast,BakingPowderထောပတ်ဆီထည့်ပြီးသမအောင်မွေပြီးတစ်နာရီခန့်နှပ်ထားပါ။
(၄)အိုးမကပ်သည့်ဒယ်အိုးပြားလေးကိုအပူပေးကာထောပတ်အနည်းငယ်လူးပေးပါ။
(၅)ဖျော်ထားသောမုန့်နှစ်ကိုသမအောင်မွေပြီးနှစ်ဇွန်းခပ်ထည့်ပါ။အပေါ်မှမြေပဲဘိန်းစေ့နှင့်အုန်းသီးပါးပါးလှီးထားသည်ကိုဖြူးပြီးထည့်ပါ။
(၆)အပေါ်မီးမသုံးထားသဖြင့်ထောပတ်အနည်းငယ်လူးပြီးအပေါ်တဖက်ကိုအရောင်ရအောင်လှန်ပေးပါ။(ဖြည့်စွက်ချက်)မီးသွေးမီးအပေါ်မီးများများအောက်မီးနည်းနည်းနဲ့ဖုတ်မှမုန့်ပိုပွပါတယ်ဒီမှာတော့မီးသွေးမရှိလို့အပေါ်အောက်မီးမပေးနိုင်ပါ။
(၇)နှစ်ဖက်အရောင်ရပါကထုတ်ယူပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။
***အငံပြုလုပ်လိုပါကမုန့်နှစ်ဖောက်ချိန်ထန်းလျက်ရည်မထည့်ဘဲမုန့်ဖုတ်ချိန်တွင်ပဲပြုတ်နှင့်နှမ်းဖြူးကာပြုလုပ်နိုင်ပါတယ်။


Sofia Food Paradise

ငှက်ပျောထုပ် ♡ Banana in Sticky Rice

















ငှက်ပျောထုပ် ♡ Banana in Sticky Rice

ကောက်ညင်းငှက်ပျောထုပ်ကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးလုပ်စားကြတဲ့ထဲကမြန်မာကောက်ညင်းထုပ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ မိမိနှစ်သက်ရာအရွယ်ထုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း (၈ထုပ် )
*********
ကောက်ညင်းဆန် - ၄ခွက် ဆန်ချိန်ခွက်
ရခိုင်ငှက်ပျောသီး - ၈လုံး
ငှက်ပျောဖတ် - ထုပ်ရန်
သကြား -ဖြူးစားရန်
အုန်းသီးဆံ
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကောက်ညင်းကိုလေးနာရီခန့်ရေစိမ်ပြီးရေစစ်ထားပါ။
(၂)ငှက်ပျောဖတ်ကိုရေဆေးသန့်စင်ပြီးမီးပြပြီးအနေတော်အရွယ်ဖြတ်ဆီလူးထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကကောက်ညင်း၃ဇွန်းဖြန့်ထည့်ပါ။အလယ်တွင်ငှက်ပျောသီးတစ်လုံးထည့်ပြီးအပေါ်မှကောက်ညင်းပြန်အုပ်ကာလုံအောင်ထုပ်ပါ။
(၅)အားလုံးထုပ်ပြီးပါကနှစ်ထုပ်တွဲကြိုးဖြင့်ချည်ပြီးပေါင်းအိုးတွင်ထည့်ကာတစ်နာရီပြုတ်ပါ။
(၆)ကောက်ညင်းကျက်ပြီးငှက်ပျောသီးနူးအိပါကဆယ်ယူအအေးခံကာအုန်းသီးသကြားဖြူးပြီးသုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise  

မုန့်မောင်နှမ = မုန့်အုပ် = မုန့်လင်မယား



















မုန့်မောင်နှမ = မုန့်အုပ် = မုန့်လင်မယား heart emoticon


မြန်မာသားရေစာမုန့်တမျိုးဖြစ်တဲ့မုန့်လင်မယား၊မုန့်အုပ်၊မုန့်မောင်နှမလို့ခေါ်ကြတဲ့မုန့်ေ လးကြို မန်မာတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ဒီမုန့်လေးနဲ့ပတ်သတ်ပြီးငယ်ဘဝအမှတ်တရလေးရှိပါတယ်။ဆိုဖီယာငယ်ငယ်ကတည်းကမုန့်လုပ်ဟ င်းချက်အရမ်းဝါသနာပါခဲ့တော့တတိယတန်းကျောင်းပိတ်ရက်မှာအသုပ်စုံ၊ဆန်ချိုအေး၊အုန်းနို့ခေါ က်ဆွဲမုန့်လင်မယားတွေလုပ်ရောင်းခဲ့ဖူးတယ်။ကိုယ်လုပ်ချင်တဲ့မုန့်လည်းလုပ်ရေ တာ့ပျော်တာပေါ့နော် 

။မုန့်လုပ်နည်းအ ချိုးများကတယောက်နဲ့တယောက်အနည်းငယ်ကွဲပြားကြပါတယ်။ကျောင်းပိတ်ရက်မှာအိမ်မှာဘဲသန့်ရှင်းလတ်ဆပ်ပြီးသားငယ်သမီးငယ်များပါပါဝင်ကူညီလုပ်ကိုင်ပေးရင်းတပျော်တပါးလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
မုန့်နှစ်ရည်တွင်ပါဝင်ပစ္စည်း (အခုရေ၈၀ခန့်)
******************
ဆန်မုန့် - နို့ဆီဘူးလေးခွက်
ကောက်ညင်းမှုန့် - နှစ်ဇွန်း စားပွဲဇွန်း
ပဲမှုန့်စိမ်း - နှစ်ဇွန်း စားပွဲဇွန်း
ကြက်ဥ - တစ်လုံး
ဖီးကြမ်းငှက်ပျော - တစ်လုံး
ဆား - နှစ်ဇွန်း လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆော်ဒါ - လ္ဘက်ဇွန်း တဝက်
ရေကျက်အေး - ၁.၃လီတာ
**ဆန်ရေစိမ်ကြိတ်လိုပါကဆန်ကြမ်းတပြည်ကောက်ညင်းဆန်လက်တဆုပ်နာရီဝက်ရေစိမ်ရေစစ်ပြီးကြိတ်ပါ။
တွဲဖက်လိုအပ်ပစ္စည်း
***************
ကြက်သွန်မိတ်
နံနံပင်
ပဲပြုတ် တစ်ပန်းကန်
ဆားနှမ်းထောင်း
ဆီ ကြော်ရန်
ငုံးဥ လိုသလောက်
အချဉ်ရည်တွင်ပါဝင်ပစ္စည်း
******************
မန်ကျည်းမှည့်
ကြက်သွန်ဖြူ
ငရုပ်သီးစိမ်း
ထန်းလျက်
ဆား
ဟင်းခပ်မှုန့်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာပထမမုန့်နှစ်ရည်တွင်ပါဝင်ပစ္စည်းများကိုရောစပ်ထားပါ။ ဆန်မှုန့်အခြောက်အသုံးပြုပါကမိနစ်၃၀ခန့်နှပ်ထားပါ။
(၂)မုန့်နှစ်ရည်တွင်ကြက်သွန်မိတ်နံနံပင်ထည့်မွေပါ။
(၃)အားလုံးအသင့်ဖြစ်ပါကမုန့်လုပ်သည့်အိုးအပူပေးကာဆီလူးပြီးမုန့်နှစ်ရည်ထည့်ကာပဲပြုတ်နှမ်းထောင်းဖြူးကာအရောင်ရသည်ထိထားပါ။အရောင်ရပါကမုန့်နှစ်ခုအုပ်ပေးပြီးပူပူနွေးနွေးကို အချဉ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise 

ဆူကီ

















ဆူကီ

ဆူကီချက်နည်းကဆယ်မိုင်အချိုပွဲနဲ့ချက်နည်းတူပါတယ်။အုန်းနို့ နွားနို့ နို့စိမ်းနှစ်သက်ရာအစားထိုးအသုံးပြုနိုင်ပါတယ်။
ပါဝင်ပစ္စည်း
******
ဆူကီခြောက် - ၁၆၀ ဂရမ် (တစ်ဆယ်သား)
နွားနို့ - တစ်လီတာ
ရေ - တစ်လီတာ
နို့ဆီ - တစ်ဘူး
ထောပတ် - ၂ဇွန်း စားပွဲတင်ဇွန်း
သာကူစေ့ - ၁၀၀ ဂရမ်
သီဟိုစေ့ သို့ Almond - ၁၀၀ဂရမ်
ဖာလာစေ့ - နှစ်စေ့
အုန်းသီး၊ စပျစ်ခြောက်၊သစ်သီးခြောက် - အပေါ်မှတင်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာအိုးသေးသေးတခုေ၇တည်ပြီးဆူပွက်ပါကသာကူစေ့ထည့်ကာ၅မိနစ်ခန့်ပြုတ်ပါ။သာကူအဆံပျောက်ခါနီးတွင်မီးပိတ်ပြီးအဖုံးအုပ်ထားပါ။
(၂)ဆူကီကျိုမည့်အိုးတွင်နွားနို့၊ေ၇၊နို့ဆီ၊ဖာလာစေ့၊သိဟိုဠ်စေ့၊သို့မဟုတ်Almondစေ့သေးသေးစိတ်၊ထောပတ်တို့ကိုထည့်ပြီးကျိုပေးပါ။
(၃)ဆူကီခြောက်လှော်ပြီးသားမဟုတ်ပါကထောပတ်အနည်းငယ်ဖြင့်လှော်ပေးပါ။
(၃)ပြုတ်ထားသောသာကူစေ့ကိုေ၇ဆေးပြီးရေစစ်ထားပါ။
(၄)တည်ထားသောနွားနို့အိုးဆူပွက်ပါကဆူကီခြောက်ကိုထည့်ပါ။ရေစစ်ထားသောသာကူစေ့ထည့်ပါ။
(၅)၅မိနစ်ခန့်ဆူပွက်ပါကမီးပိတ်အဖုံးအုပ်ကာဆယ်မိနစ်ခန့်ဆူကီစေ့များနှပ်သွားသည်ထိထားပြီးပန်းကန်တွင်တည်ခင်းကာအုန်းသီး၊စပျစ်ခြောက်၊သစ်သီးခြောက်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise 

ဆယ်မိုင် ♡ Semiya Payasam




















ဆယ်မိုင် ♡ Semiya Payasam 


ဆယ်မိုင်လို့လူသိများတဲ့အချိုပွဲလေးကိုအိန္ဒိယ၊ပါကစ္စတန်၊နီပေါ၊ဘင်္ဂလားဒေ့ခ်ျ၊သီရိလင်္ကာတွေမှာတော့မွေးနေ့ပွဲ၊မင်္ဂလာပွဲတွေမှာရိုးရာအချိုပွဲအဖြစ်တည်ခင်းလေ့ရှိတဲ့အချိုပွဲလေးဖြစ်ပါတယ်။မအီမစိမ့်ဘဲအမွေးနံ့လျော့ပြီးလုပ်ထားတဲ့ဆိုဖီယာရဲ့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ဆယ်မိုင်ခြောက် - ၁၇၅ ဂရမ် (လှော်ပြီးသား အမျှင်သေး)
နွားနို့ - တစ်လီတာ
ရေ - တစ်လီတာ
နို့ဆီ - တစ်ဘူး
ထောပတ် - ၂ဇွန်း စားပွဲတင်ဇွန်း
သာကူစေ့ - ၁၀၀ ဂရမ်
သီဟိုစေ့ သို့ Almond - ၁၀၀ဂရမ်
ဖာလာစေ့ - နှစ်စေ့
အုန်းသီး၊ စပျစ်ခြောက်၊သစ်သီးခြောက် - အပေါ်မှတင်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာအိုးသေးသေးတခုေ၇တည်ပြီးဆူပွက်ပါကသာကူစေ့ထည့်ကာ၅မိနစ်ခန့်ပြုတ်ပါ။သာကူအဆံပျောက်ခါနီးတွင်မီးပိတ်ပြီးအဖုံးအုပ်ထားပါ။
(၂)ဆယ်မိုင်ကျိုမည့်အိုးတွင်နွားနို့၊ေ၇၊နို့ဆီ၊ဖာလာစေ့၊သိဟိုဠ်စေ့၊သို့မဟုတ်Almondစေ့သေးသေးစိတ်၊ထောပတ်တို့ကိုထည့်ပြီးကျိုပေးပါ။
(၃)ဆယ်မိုင်ခြောက်လှော်ပြီးသားမဟုတ်ပါကထောပတ်အနည်းငယ်ဖြင့်လှော်ပေးပါ။
(၃)ပြုတ်ထားသောသာကူစေ့ကိုေ၇ဆေးပြီးရေစစ်ထားပါ။
(၄)တည်ထားသောနွားနို့အိုးဆူပွက်ပါကဆယ်မိုင်ခြောက်ကိုအနည်းငယ်ချိုးပြီးထည့်ပါ။ရေစစ်ထားသောသာကူစေ့ထည့်ပါ။
(၅)ပြန်လည်ဆူပွက်ပါကမီးပိတ်အဖုံးအုပ်ကာဆယ်မိနစ်ခန့် ဆယ်မိုင်ခြောက်များနှပ်သွားသည်ထိထားပြီးပန်းကန်တွင်တည်ခင်းကာအုန်းသီး၊စပျစ်ခြောက်၊သစ်သီးခြောက်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
****
ဆယ်မိုင်အမျှင်ကြီးဖြစ်ပါကအချိန်အနည်းငယ်ကြာဆူပွက်အောင်တည်ထားနိုင်ပြီးအမျှင်သေးဖြစ်ပါကဆူပွက်သည်နှင့်မီးပိတ်အဖုံးပိတ်ထားပါ။


Sofia Food Paradise 

ေ၇ွှရင်အေး






















ေ၇ွှရင်အေး


ေ၇ွှ၇င်အေးကိုမြန်မာပြည်မှာတော့အလွယ်တကူဝယ်စားလို့၇ပေမဲ့အဝေးေ၇ာက်နေချိန်တော့စားချင်တိုင်းမ၇နိုင်တော့ကိုယ်တိုင်လုပ်စားဖြစ်သွားတာပါ။ေ၇ွှ၇င်အေးတခွက်ကိုယ်တိုင်လုပ်စား၇ဖို့ပြင်ဆင်၇မဲ့အဆင့်များပါတယ်။
ေ၇ွှ၇င်အေးအတွက်လိုအပ်သောပစ္စည်းများ
***********************
အုန်းနို့ကျောက်ကျော
ကျောက်ကျော (နှစ်သက်၇ာအေ၇ာင်)အစိမ်း / အနီ
မုန့်လက်ဆောင်းဖတ်
သာကူစေ့
ပေါင်မုန့်
ကောက်ညင်းပေါင်း
အုန်းနို့သကြား၇ည်
နို့စိမ်း (နှစ်သက်က)
ဆေးကုလားမ
ေ၇ခဲတုံး
(၁)အုန်းနို့ကျောက်ကျော
**************
ကျောက်ကျောမှုန့် -၁၀ ဂရမ်
သကြား -၂၅၀ ဂရမ်
အုန်းနို့ခရင်မ် - ၂၀၀ml
ေ၇ - ၈၀၀ ml
အိုးတခုတွင်သကြား၊ေ၇၊အုန်းနို့၊ကျောက်ကျောမှုန့်တို့ကိုထည့်ပြီးသမအောင်မွေပြီးမီးဖိုတွင်ကျိုပါ။ဆူပွက်ပါကဘမ်းတွင်သွန်ထည့်ပြီးအအေးခံထားပါ။
မှတ်ချက်။အုန်းနို့ပမာဏများပါကကျောက်ကျောနှစ်လွှာမမြင်၇ဘဲအဖြူေ၇ာင်တစ်ထပ်တည်းဖြစ်တတ်ပါတယ်။
(၂)ကာလာကျောက်ကျော
**************
ကျောက်ကျောမှုန့် -၁၀ ဂရမ်
သကြား -၂၅၀ ဂရမ်
ေ၇ - တစ်လီတာ
အိုးတခုတွင်သကြား၊ေ၇၊ကျောက်ကျောမှုန့်တို့ကိုထည့်ပြီးသမအောင်မွေပြီးမီးဖိုတွင်ကျိုပါ။ဆူပွက်ပါကခွက်တွင်နှစ်ခွက်ခွဲ၍သွန်ထည့်ပြီးနှစ်သက်၇ာအေ၇ာင်၊အစိမ်း၊အနီထည့်ပြီးသမအောင်မွေပြီး အအေးခံထားပါ။
(၃)အုန်းနို့သကြား၇ည်
************
အုန်းသီးမှအ၇ည်ညစ်ထားသောအုန်း၇ည်သို့မဟုတ်ready madeဘူးကိုကိုယ်နှစ်သက်၇ာအနေထားထိေ၇ေ၇ာပါ။သကြားထည့်ပြီးပျော်အောင်မွေပြီးအအေးခံထားပါ။နို့စိမ်းကိုတခါတည်းေ၇ာလိုကေ၇ာထားပါ။
(၄)ကောက်ညင်းကိုေ၇စိမ်ပြီးပေါင်းထားပါ။
(၅)သာကူစေ့ကျို၇န်အိုးတခုတွင်ေ၇ထည့်ပြီးဆူပွက်အောင်တည်ပါ။သာကူစေ့ကိုေ၇ဆေးထားပါ။ေ၇ဆူပါကသာကူစေ့ချပြီးအိုးမကပ်အောင်မွေပေးပါ။အေ၇ာင်ဖြင့်လိုချင်ပါကအေ၇ာင်ထည့်ပါ။ပြန်ပြီးဆူပွက်ပါကမီးပိတ်ပြီးအဖုံး၅မိနစ်ခန့်အုပ်ထားပါ။အတွင်းမှဝတ်ဆံလေးများပျောက်သွားပါကဇကာတွင်သွန်ချပြီးေ၇စစ်ကာေ၇အေးလောင်းကာခွက်တခုတွင်ထည့်ထားပါ။
(၆)ဆေးကုလားမကိုေ၇စိမ်ထားပါ။(အချို့လည်းအေ၇ာင်လေးထည့်ပါတယ်)
(၇)မုန့်လက်ဆောင်းဖတ်ကိုတော့ဈေးကဝယ်ယူပြီးေ၇ခဲထည့်ကာအေးအောင်ပြုလုပ်ထားပါ။ကိုယ်တိုင်ပြုလုပ်လိုပါကမုန့်လက်ဆောင်းလုပ်နည်းမှာမုန့်ဖက်လုပ်နည်းတင်ပေးထားပါတယ်။
(၈)ကာလာကျောက်ကျောလေးများကိုခြစ်ဖြင့်အမျှင်လေးများခြစ်ထားပါ။အုန်းနို့ကျောက်ကျောကိုထူထူလှီးထားပါ။
(၉)ပါဝင်ပစ္စည်းအားလုံးအသင့်ဖြစ်ပါကပန်းကန်တွင်ကျောက်ကျော၊ပေါင်မုန့်၊သာကူစေ့၊မုန့်လက်ဆောင်း၊အုန်းနို့ကျောက်ကျော၊ဆေးကုလားမ၊ကောက်ညင်းပေါင်းတို့ကိုထည့်ပါ။စားခါနီးမှသာအုန်းနို့သကြား၇ည်နှင့်နို့စိမ်း၊ေ၇ခဲတုံးလေးများထည့်ကာသုံးဆောင်နိုင်ပါပြီ။မြေဇာဥဆနွင်းမကင်းကခွာ၇တာအနည်းငယ်လက်ဝင်ပြီးအ၇သာမှာတော့အမှန်တကယ်ကိုထူးခြားလှပါတယ်။Sis Lin Thawdar ရဲ့နည်းလေးဖြစ်ပါတယ် ။ကျေးဇူးပါ Sis smile emoticon 

Sofia Food Paradise  


Peanut Candy



















Peanut Candy heart emoticon

Peanut Candy ပြုလုပ်ရန်လိုအပ်သောပစ္စည်း
သကြား - ၂၀၀ဂရမ်
မြေပဲ - ၁၅၀ ဂရမ်
နှမ်း - ၅၀ဂရမ်
အုန်းသီးခြောက် - ၂၀ဂရမ်
သံပုရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
ရေ - တစ်ဇွန်း စားပွဲတင်ဇွန်း
ဆီ - လ္ဘက်ဇွန်းတစ်ဇွန်း
(၁)Peanut Candy ထည့်မည့်ဘမ်းတွင်ဆီစိမ်စက္ကူခင်း ပြီးနှမ်း တဇွန်း ကိုမျက်နှာပြင်အနှံ့ဖြူးထားပါ။ နှမ်းတဇွန်းကိုအပေါ်ဖြူးရန်ဘေးဖယ်ထားပါ။မွေမည့်ဇွန်းကိုဆီလူးထားပါ။
(၂)ဖန်ပန်းကန်လုံးတခုတွင်သကြား၊ရေ နှင့်သံပုရာရည်ကိုထည့်ပြီး microwave တွင် ၂မိနစ်ထည့်ပါ။ပြီးလျှင်ထုတ်ယူပြီးပန်းကန်ကိုစောင်းလှည့်ပေးပြီးနောက်ထပ်၁မိနစ်ခွဲခန့်caramelအရောင်နီလာသည်ထိထည့်ပါ။ microwave မသုံးဘဲမီးဖိုတွင်လည်းလုပ်နိုင်ပါတယ်။
(၃)caramel အရောင်ရလျှင်ဖယ်ထုတ်ပြီးသကြားရည်ထည်းသို့ မြေပဲ၊နှမ်းနှင့်အုန်းသီး ဖတ်တို့ထည့်ပြီးခပ်မြန်မြန်မွေပေးပါ။
(၄)သကြားရည်နှင့်မြေပဲနှမ်းတို့သမအောင်မွေပြီးပါကနှမ်းဖြူးထားသောဘမ်းထဲသို့ထည့်ပြီးမျက်နှာပြင်ညီအောင်ဖိပေးပါ။ဖယ်ထားသောနှမ်းကိုအပေါ်မျက်နှာပြင်တွင်ဖြူးပေးပြီးဆယ်မိနစ်ခန့်အအေးခံထားပါ။
(၅)ဆယ်မိနစ်ပြည့်ပါကခပ်နွေးနွေးအနေထားတွင်ဘမ်းထည်းမှထုတ် ယူပြီးဓားကိုဆီလူးကာလိုသလိုလှီးဖြတ်ပေးပါ။အေးသွားလျှင်ဖြတ်၍မရပါ။ဖြတ်ပြီးသားအုန်းသီးနှံ့မွေးမွေးမြေပဲချိုချဉ်လေးများကိုလုံးဝအေးသည်ထိအအေးခံပြီးလေလုံသောဘူးတွင်သိမ်းဆည်းသုံးဆောင်နိုင်ပါပြီ



Sofia Food Paradise 

အာလူးဆနွင်းမကင်း
















အာလူးဆနွင်းမကင်း

အလှူပွဲဧည့်ခံပွဲတွေမှာအချိုပွဲအဖြစ်တည်ခင်းလေ့ရှိတဲ့အာလူးဆနွင်းမကင်းကိုလူတိုင်းသိပြီးသားဖြစ်မှာပါတယောက်နဲ့တယောက်လုပ်နည်းလေးတွေအနည်းငယ်မတူကွဲပြားနိုင်တာမို့ဆိုဖီယာရဲ့လုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
အာလူး - တစ်ကီလို 
ဂျုံ - ၃၀၀ ဂရမ်
သကြား - ၅၀၀ ဂရမ်
ထောပတ် - ၂၀၀ ဂရမ်
အုန်းသီး - တခြမ်း
အုန်းနို့ - ၁၀၀ ml
နွားနို့ - ၁၀၀ ml
ကြက်ဥ - ၄လုံး
ဆား - လ္ဘက်ဇွန်းတဝက်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)အာလူးကိုရေဆေးပြီးနူးအိအောင်ပြုတ်ပြီးအခွံသင်ထား ပါ။
(၂)ဇလုံတလုံးတွင်အာလူးသင်ပြီးသားကိုထည့်ပြီးအာလူးချေတံဖြင့်ကြေအောင်ချေပေးပါ။
(၃)အာလူးအားလုံးကြေပါကကြက်ဥ၊ဆား၊သကြား၊ဂျုံ၊ထောပတ်၊အုန်းသီး၊အုန်းနို့၊နွားနို့တို့ကိုထည့်ပြီး သမအောင် မွေပေးပါ။အုန်းနို့လျော့လို၍နွားနို့အစားထိုးထားခြင်းဖြစ်ပါ တယ်။
(၄)အားလုံးသမသွားပါကဆီသုတ်ထားသောဘမ်းတွင်ထည့်ပြီးအပေါ်မီးအောက်မီးဖြင့်အရောင်ရသည်ထိဖုတ်ပါ။OVEN သုံးပြီးဖုတ်ပါက၂၀၀ ' C ဖြင့် ၄၅မိနစ်ခန့်အရောင်ရသည်ထိ ဖုတ်ပါ။အတွင်းမှမုန်သားကျက်မကျက်ကိုအချွန်တခုဖြင့်ထိုးကြည့်ပါမုန့်နှစ်များကပ်ပါမလာတော့ပါကမုန့်သားကျက်ပါပြီ
(၅)အရောင်ရလာပါကထုတ်ယူအအေးခံထားပြီး လုံးဝအေးသွားပါကလိုသလိုလှီးဖြတ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
****
တစ်ကီလို - ၆၂ကျပ်သား
တဆယ်သား - ၁၆၀ ဂရမ်


Sofia Food Paradise

ပြောင်းဖူးဆနွင်းမကင်း
















ပြောင်းဖူးဆနွင်းမကင်း


ပြောင်းဖူးနှစ်သက်သူများအတွက်အကြိုက်တွေ့စေမဲ့ပြောင်းဖူးဆနွင်းမကင်းလေးဖြစ်ပါတယ်။အရသာချိုစိမ့်မွေးလှတဲ့ဒီမုန့်လုပ်နည်းလေးကသူငယ်ချင်းလင်းသော်တာရဲ့လုပ်နည်းလေးကိုအခြေခံပြီးအနည်းငယ်ပြင်၍ပြုလုပ်ထားခြင်းဖြစ်၍သူငယ်ချင်းကိုလည်းကျေးဇူးတင်ကြောင်းပြောပါရစေရှင်။အလှူမင်္ဂလာပွဲများတွင်ထူးခြားတဲ့ပြောင်းဖူးဆနွင်းမကင်းလေးနဲ့တည်ခင်းနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ထိုင်ဝမ်ပြောင်းဖူး - လေးဖူး
သကြား - ၃၀၀ ဂရမ်
ရွှေကြည် - ၃၆၀ ဂရမ်
ဆား - နှစ်ဇွန်း လ္ဘက်ဇွန်း
အုန်းနို့ - ၄၀၀ ml
နွားနို့ - ၅၀၀ ml
ကြက်ဥ - ၄လုံး
ထောပတ် - ၁၅၀ ဂရမ်
ဆီ - ၅၀ဂရမ်
ဘိန်းစေ့ - နှစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပြောင်းဖူးကို အစေ့ခြွေပြီးအုန်းနို့နှင့်နွားနို့ထည့်ပြီ့းစက်ဖြင့်ကြိတ်ပါ ။(၂)ပြီးလျှင်ပါဝင်ပစ္စည်းများအားလုံးထောပတ်မှအပထည့်ပြီးမွေပေးပါ။(၃)အိုးတခုကိုအပူပေးပြီးထောပတ်ထည့်ကာပြောင်းဖူးအရောကိုထည့်ကျိုပေးပါ။(၄)တဖြေးဖြေးပျစ်ပြီးလုံးလာပါကဆီသုပ်ထားသောဘမ်းတွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ညှိကာအပေါ်မှဘိန်းစေ့ဖြူးပြီးovenတွင်အပေါ်မီး၂၀၀ဒီဂရီအောက်မီးအနည်းငယ်ဖြင့်မိနစ်၃၀ခန့်ဖုတ်ကာအအေးခံပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise