မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday 28 October 2016

ဂျုးမြစ်သုပ်



ဂျုးမြစ်သုပ် ♡

❀❀❀ 
ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
ပါဝင်ပစ္စည်း
********
ဂျုးမြစ် - ၃စည်း
မန်ကျည်းမှည့် - အနည်းငယ် 
နနွင်း - အနည်းငယ်
ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း စားပွဲဇွန်း
ခရမ်းချဉ်သီးချက် - သုံးဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ငရုပ်သီးထောင်းကြော် - အနည်းငယ် 
မြေပဲထောင်း - ၂ဇွန်း
နှမ်းထောင်း - တစ်ဇွန်း
ကြက်သွန်နီကြော် - ၂ဇွန်း
ကြက်သွန် - တလုံး (optional)
နံနံပင် -အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဂျူးမြစ်ကိုရေဆေးသန့်စင်ပြီးလက်နှစ်ဆစ်ခန့်ဆီဖြတ်ကာနနွင်းနှင့်မန်ကျည်းမှည့်ထည့်ပြီးပြုတ်ပေးပါ။
2.ပြုတ်ပြီးဆယ်ယူကာရေစစ်ထားပါ။
3.ပြီးလျှင်ပါဝင်သောပစ္စည်းအားလုံးထည့်ပြီးနယ်ကာအရသာအပေါ့အငန်မြည်းပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise


No comments:

Post a Comment