မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday 8 May 2016

မန္တလေး ငှက်ပျောပေါင်း



















မန္တလေး ငှက်ပျောပေါင်း

မန္တလေးက ခေါင်းရွက်နွားနို့ သည် တွေဆီမှာအိစံတို့ ကြိုက်လွန်းလို့ ခဏခဏ ၀ယ်စားနေကြရတဲ့ ငှက်ပျောပေါင်းပါ။ မန္တလေး ငှက်ပျောပေါင်းက ရန်ကုန်ငှက်ပျောပေါင်းလို အုံးနို့ နဲ့ မဟုတ်ပါဘူး။ နွားနို့ နှင့်လုပ်တာပါ။ လုပ်ရတာလဲ အ၇မ်းကိုလွယ်ကူပါတယ်။

ပါဝင်သောပစ္စည်းများ
၁။ ထန်းညက်အညို - ၁၀ ကျက်သား
၂။ ကျက်ပြီးသားနွားနို့ - ၁ လီတာ
၃။ ငှက်ပျောသီး - ၁၀ လုံး
၎။ ဆား - အနည်းငယ်
၅။ အုံးသီးဖတ်- ၁ ခွက်
၆။ ရေ - ၃ လီတာ

ပြုလုပ်နည်း
၁။ ငှက်ပျောပေါင်းပြုလုပ်မည့် ရေ ၅လီတာလောက်ဆံ့တဲ့ အိုးထဲမှာ ရေ၊ ထန်းညက်၊ ဆားအနည်းငယ်ကို တည်ပါ။ ထန်းညက် နှင့် ဆားအ၇ည်ပျော်သွား၇င် တဖက်က အိုးခံပြီး ရေစစ်နှင့် စစ်ပါ။ ထန်းညက် ထဲမှအမှိုက်များ ပါရင် စစ်သွားအောင်လို့ ပါ။
၂။ စစ်ပြီးသော ထန်းညက်ရည်ထဲတွင် ငှက်ပျောသီးများထည့်ပြီး နာရီဝက်ခန့် မီးအေးအေးဖြင့် တည်ထားပါ။အ၇ည် အ၇မ်းပစ်သွား၇င်ေ၇အနည်းငယ်ထပ်ထည့်ပါ။ ငှက်ပျောသီးများပျော့ပြီး အချိုရည်များဝင်သွားပါလိမ့်မည်။
၃။ အဲနောက် နွားနို့ ကိုထည့်ရ်ျ မီးအေးအေးနှင့်ပဲတည်ပါ။ နွားနို့ ကိုထည့်ပြီးချိန်တွင် နွားနို့ ပွက်လာရင် ဝေကျတက်လို့ ဂရုတစိုက်မွှေပေးပါ။ မလိုင်အဖတ်လေးတွေရလာပါလိမ့်မည်။ လိုချင်တဲ့ အချိုရည် အနေအထားနဲ့ မလိုင်ဖတ်များများရလာချိန်တွင် မီးဖိုပေါ်မှချပါ။
၎။ ငှက်ပျောပေါင်းလေးကိုထည့် အုံးသီးဖတ်ကို အပေါ်က ဖြူး အချိုထက်ကြိုက်ရင် သကြားပါဖြူးပြီး စားနိုင်ပါပြီ။

Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


No comments:

Post a Comment